၂၃ နိုဝင်ဘာ ၂၀၂၄ - ၂၀:၂၈
ဇီယွန်ဝါဒီအစိုးရ၏ လူမဆန်သည့် လုပ်ရပ် ၊ ဘေရွတ်မြို့ ကို ဖော့စဖရပ်ဗုံးများဖြင့် တိုက်ခိုက်

လက်ဘနွန်မြို့တော် ဘေရွတ်တောင်ပိုင်းဒေသတွင် ဇီယွန်ဝါဒီအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် လေကြောင်းမှ တိုက်ခိုက်မှုနှင့် အယ်လ်ခါယမ်တွင် ဖော့စဖရပ်စ် ဗုံးကြဲတိုက်ခိုက်မှုတို့ကို မီဒီယာသတင်းရင်းမြစ်များက ဖော်ပြခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အဆိုအရ လက်ဘနွန်တောင်ပိုင်း ဒါဟီယာဒေသ တွင် ဇီယွန်အစိုးရစစ်တပ် ၏ တိုက်ခိုက်မှုများသည် စနေနေ့က ဆက်လက်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် လူနေအိမ်ရာအများအပြား ပျက်စီးသွား ခဲ့ပြီးကယ်ဆယ် ရေးသမားများက အာဇာနည်များနှင့် ဒဏ်ရာရသူများကို အပျက်အစီးများမှ ဆွဲထုတ်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရပါတယ်။

ယနေ့တွင် ဇီယွန်အစိုးရသည် ဘေရွတ်မြို့ အလ်ပစသွဟ် ဧရိယာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံး အချက် အလက်များအရ လက်ဘနွန်နိုင်ငံသား ခုနစ်ဦး သေဆုံးပြီး ၂၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဤအစီရင်ခံစာအရ ဇီယွန်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် အယ်လ်ခါယမ် တွင် ဆက်လက်ဖြစ်ပွားနေပြီး သိမ်းပိုက်ခံထားရသော တပ်မတော်၏ အမြောက်များသည် နိုင်ငံတကာတားမြစ်ထားသော ဖော့စဖရပ် ကျည်များကို အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။

မှတ်သားစရာအချက်မှာ အမေရိကန် နှင့် မဟာမိတ် အနောက်နိုင်ငံများနှင့် သစ္စာဖောက် မွတ်စလင်မ် နိုင်ငံ များ နယ်ချဲ့ အကြမ်းဖက် အစ္စရေး ကို လက်နက် ၊ငွေကြေး စသည်ဖြင့် ကူညီသေမျှ ကာလပတ်လုံး  ၎င်း၏ ရက်စက်ယုတ်မာ လူမဆန်မှုမှာ ရပ်မည် မဟုတ်ချေ။ သတင်း အရင်းအမြစ်များ အရ နယ်ချဲ့ အကြမ်းဖက် အစ္စရေး ၏ စစ်ကုန်ကျစရိတ် ၏ ၇၀ ရာခိုင်းနှုန်း အာ အမေရိကန် မှ ပေးကြောင်း ဖြစ်ပါတယ်။

.......................................................

END / 251