Sahar News အဆိုအရ အိန္ဒိယ၏ အကြီးဆုံးပြည်နယ် အိုသရ်ပရ်ဒေးရှ် ပြည်နယ် စန်ဗလ် ခရိုင် ရှိ ရှာဟီ ဂျာမေအ် မတ်စ်ဂျစ်ဒ် ကို စစ်တမ်းကောက်ယူမှုအတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များတွင် မွတ်စလင်မ် လူငယ် သုံးဦး သေဆုံးခဲ့ကြောင်း သတင်းများအရ သိရပါတယ်။
ရဲတပ်ဖွဲ့က ပစ်သတ်ခြင်း ခံ ခဲ့ရသည့် မွတ်စလင်မ် လူငယ်များ မှာ နအီးမ် ၊ ဘေလာလ် နှင့် နဝီးဒ် တို့ဖြစ်ကြောင်း သိရပါတယ်။
မိုရာဒ် အာပါဒ် ၏တိုင်းဒေသကြီးကော်မရှင်နာမှဒေသခံမီဒီယာများနှင့်စကားပြောနေစဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂၀ မှ ၂၂ ဦးအထိဒဏ်ရာရရှိခဲ့ကြောင်းစန်ဗလ် ၏ CO ၊ SP ၏ PRO နှင့် SDM မှပြောကြားခဲ့ပါတယ်။ အခြားသူများမှာ ဓားဖြင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ ရဲတပ်ဖွဲ့ မှ လူ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အစောပိုင်းတွင် UP DGP ပရ်ရှာနသ် ကူးမာ မှ စန်ဗလ် တွင် စစ်တမ်းကို တရားရုံး၏ အမိန့်အတိုင်း လုပ်ဆောင်နေ သည်ဟု ပြောကြားခဲ့ပါတယ်။
“ပတ်ဝန်းကျင် ငြိမ်းချမ်း ရေးကို ရန်သူ ” အချို့က ကျောက်ခဲများကို ပစ်ချခဲ့ကြပြီး အခြေအနေကို ထိန်းချုပ်နိုင်ရန် ရဲများနှင့် အကြီးတန်းအရာရှိများ ရောက်ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့၏ အဆိုအရ ရဲတပ်ဖွဲ့ဝင်များ ထူထပ်စွာချထားသော ရှာဟီ ဂျာမေအ် မတ်စ်ဂျစ်ဒ် တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက စစ်တမ်းကောက်ယူမှုအတွင်း “ပတ်ဝန်းကျင် ငြိမ်းချမ်း ရေးကို ရန်သူ ” အချို့က ကျောက်ခဲများကို ပစ်ချခဲ့သည်ဟု သိရပါတယ်။
သို့သော်ပြည်သူများ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင့်များ အရ သိရသည်မှာ ရှာဟီ ဂျာမေအ် မတ်စ်ဂျစ်ဒ် တွင်စစ်တမ်းကောက်ယူမှု အတွင်း ဟိန္ဒိူ အစွန်းရောက်များပါလာပြီး ညာသံများ ပေး၍ ပြဿနာ မကြီး၊ကြီး အောင် လုပ်ခံကြောင်း သိရပါတယ်။
စစ်တမ်းသည် အကြီးတန်းရှေ့နေ ဝတ်ရှ်နူး ရှန်ကရ်ဂျိမ်းန် မှ တင်သွင်းသည့် တရားရေးလုပ်ငန်းစဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။ ၎င်း မှ ဤ မတ်စ်ဂျစ်ဒ် ဟာ မူလက ဟိန္ဒိူ ဘုရားကျောင်းဖြစ်ခဲ့ကြောင်း ဆိုထားပါတယ်။ အမှန်တော့ ဤ မတ်စ်ဂျစ်ဒ် တည်ရှိနေတာ နှစ် ရာနဲ့ ချီ ရှိနေပြီး ဖြစ်ပါတယ်။
အစောပိုင်းကလည်း အလားတူ စစ်တမ်းကို နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မတ်စ်ဂျစ်ဒ် (ခ) ဗလီ ၏ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု အခါ တမင် မွတ်စလင်မ် မုန်းတီး ပြီး ပြဿနာ မဖြစ်ဖြစ်အောင် အိုသရ်ပရ်ဒေးရှ် ပြည်နယ် အစိုးရမှ နောက်တစ်ကြိမ် စစ်တမ်း လုပ်ခဲ့သည့် အကြောင်းပြ ချက်ဖြင့် ဟိန္ဒိူ မွတ်စလင်မ် အရေးအခင်း မဖြစ်ဖြစ်အောင် ဖန်တီးခြင်းဖြစ်ကြောင်း သိရပါတယ်။
.......................................................
END / 251