အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် နယူးဒေလီမြို့မှ သတင်းထောက်များ၏ အစီရင်ခံစာအရ ကွန်ဂရက်ပါတီခေါင်းဆောင် ရဟူ ဂန္ဒီ ဦးဆောင်မှုအောက်တွင် အတိုက်အခံအဖွဲ့ဝင်များသည် ပါလီမန်လွှတ်တော်၌ အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။
အတိုက်အခံအဖွဲ့ဝင်များသည် အဒါနီ အဖွဲ့အား ပံ့ပိုးကူညီနေသည်ဟု ဗဟိုအစိုးရအား စွပ်စွဲကာ အဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ အဂတိလိုက်စားမှုကိစ္စများတွင် သီးခြားစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြပါတယ်။
ရဟူ ဂန္ဒီ သည် မိုဒီ နဲ့ အဒါနီ တူတူ ဖြစ်တယ်ဆိုသည့် စာသားရေးသားထားသည့် တီရှပ်ကို ၀တ်ဆင်ပြီး ယနေ့တွင် ပြည်သူ့လွှတ်တော်သို့ လာရောက်ခဲ့ပါတယ်။ မိုဒီ က အဒါနီ ကိစ္စ ကို ဘယ်တော့မှ စုံစမ်းခိုင်း မှာ မဟုတ်ကြောင်း ၎င်းမှ ပြောပါတယ်။
အတိုက်အခံများ အထူးသဖြင့် ကွန်ဂရက်ပါတီဝင်များသည်လည်း ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုကို ဖန်တီးကာ လွှတ်တော်၏ လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆက်လက်မလုပ်ဆောင်နိုင်သောကြောင့် ရာဂျာ ဆာဘား (အိန္ဒိယ အထက် လွတ်တော် ) တွင် ကြွေးကြော်သံများ လွှင့်တင်ခဲ့ကြပါတယ်။
အိန္ဒိယ လက်ရှိ အစိုးရသည် အလုပ်လက်မဲ့ ပြဿနာ ၊ အဒါနီ အုပ်စု ၏ ဘဏ္ဍာရေး အကျင့်ပျက် ခြစားမှု ပြဿနာ ကုန်စျေး နှုန်း ကြီးမှု ပြဿနာ များကို မဖြေရှင်း နိုင်သည့် အတွက် ဟိန္ဒိူ မွတ်စလင်မ် အဓိကရုဏ်း ဖြစ်အောင် ပြုလပ် နေကြောင်း သိရှိရပါတယ်။
.......................................................
END / 251