၆ ဒီဇင်ဘာ ၂၀၂၄ - ၁၉:၁၀
   ဂါဇာကမ်းမြောင်ဒေသ ရှိ ပြည်သူများ နှင့် အတူ ရှိကြောင်း ယီမင်ပြည်သူတွေ ထောက်ခံ ချီတက်ပွဲ ပြုလုပ်

ယီမင်နိုင်ငံ မြို့တော် ဆနအာ(ဆာနာအာ) နှင့် အခြားမြို့များတွင် လူပေါင်း တစ်သန်းကျော် ဂါဇာကမ်း မြောင်ဒေသမှ ပြည်သူများကို ထောက်ခံပြီး ဖိနှိပ်ချုပ်ချယ်သော ဇီယွန်ဝါဒီ အစိုးရအား ရှုတ်ချကြောင်း သောကြာနေ့တွင် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ ဂါဇာနှင့် ပါလက်စတိုင်း တည်ငြိမ်ရေးတပ်ဦးတို့ကို ထောက်ခံသည့်အနေနှင့် ဖိနှိပ်ချုပ်ချယ်သော ဇီယွန်ဝါဒီအစိုးရကို ရှုတ်ချသည့်အနေဖြင့် ယီမင်ပြည်သူများသည် သောကြာနေ့တွင် နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပါလက်စတိုင်းတွင် သိမ်းပိုက်ထားသော ဇီယွန်ဝါဒီအစိုးရ၏ ဗျူဟာမြောက် အချက်အချာကျသော စစ်ဘက် ဆိုင်ရာ အချက်အချာကျသော စခန်းများ နှင့် အမေရိကန် စစ်သင်္ဘောများကို ကို ယီမင် လက်နက်ကိုင် တပ်ဖွဲ့များ က တိုက်ခိုက်ခြင်း ကို  ယီမင် သန်းနှင့်ချီ ဆန္ဒပြသူများက ထောက်ခံကြောင်း ကြေငြာခဲ့ကြပါတယ်။

အခက်အခဲများနှင့် ပြဿနာများကြားမှ ယီမင်ပြည်သူများသည် ဆိုးရွားလှသည့် ကမ္ဘာလုံးဆိုင်ရာ နယ်ချဲ့ဝါဒနှင့် နယ်ချဲ့  ဇီယွန်ဝါဒီအစိုးရတို့နှင့် ယှဉ်ပြိုင်ရန် ဆန္ဒအပြည့်ရှိကြောင်း ကြေငြာခဲ့ပါတယ်။

ယီမင်ပြည်သူများဟာ အဖိနှိပ်ခံ ပါလက်စတိုင်း ပြည်သူများ နှင့်  ကြံ့ကြံ့ခံ ခုခံရေးနေသည့် ပါလက်စတိုင်း ရှေ့တန်း မှ ရဲရင့်သည့်  မိုဂျာဟစ်ဒ်ဒီးန် များ ကို အပြည့်အ၀ ထောက်ခံကြောင်း အတူ ရပ်တည် နေကြောင်း ပါ ကြေငြာခဲ့ကြပါတယ်။

ယီမင်ပြည်သူများသည် ရန်သူများကို ပြီးမြောက်အောင်နိုင်သည်အထိ "မြင့်မြတ်သည့် ဂျေဟာဒ် နှင့် အောင်မြင်သည့် မောင်ဟူဒ် " ဟူသောအမည်ဖြင့် ရန်သူများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာခဲ့ပါတယ်။

.......................................................

END / 251