အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ရုံး၏ အပြည်ပြည်ဆိုင်ရာ ကဏ္ဍ ၏ အကြီးအကဲ အာယာသွလ္လာဟ် မိုဟ်စင်န် ကွမ်းမီ ရုရှားနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ် ကာဇင်းမ် ဂျလာလီ ထံ၌ ကျင်းပသော ရုရှားဘာသာရေး ပညာရှင်များနှင့် တွေ့ဆုံရာတွင် မိန့်ကြားခဲ့ သည် မှာ - အမေရိကန် အာဏာပိုင်များသည် ISIS ထူထောင်ရာတွင် ဤနိုင်ငံ၏ တိုက်ရိုက်အခန်းကဏ္ဍကို ဝန်ခံ ထား သောကြောင့် ယနေ့ အစ္စလာမ်ဘာသာဝင်များအားလုံးသည် အကြမ်းဖက်အဖွဲ့များနှင့် မသက်ဆိုင် ကြောင်း သဘောပေါက်လာကြပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော် များ နှင့် ကိုယ်တော် မြတ် (ဆွ) ၏ ဟဒီးစ်တော် များ ၏ လမ်းပြမှု အရ ညီအစ်ကိုအသင်းအပင်း နှင့် စည်းလုံး ညီညွတ် မှု သည် လိုအပ်ကြောင်း ရှင်းလင်း မိန့်ကြား ရင်း ရုရှားတွင် ဤ လိုအပ်ချက်မှာ နှစ်ဆဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် နှစ်နိုင်ငံခေါင်းဆောင်များသည် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အလွန်စိတ်အားထက်သန်ကြပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းကို လက်မှတ်ရေးထိုးတော့မည်ဖြစ်သောကြောင့် ဖြစ် ကြောင်း မိန့်ကြား ခဲ့ပါတယ်။
BRICS အဖွဲ့ဝင်နိုင်ငံများအား ဒေါ်လာငွေဖယ်ရှားခြင်းနှင့်ပတ်သက်၍ ဒေါနယ်ထရမ့် ၏ သတိပေးချက်ကို ရည်ညွှန်းပြီး အာယာသွလ္လာဟ် မိုဟ်စင်န် ကွမ်းမီ မှ ရုရှား သမ္မတ မစ္စတာပူတင် ၏ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ဒုတိယအကြိမ် တွေ့ဆုံ စဉ်တွင် ဤ အစီအစဥ် ပေါ်ပေါက်ခဲ့ပြီး ထိုအချိန်က မည်သူမျှ မယုံခဲ့ကြသော်လည်း ယနေ့တွင် ဤ အိပ်မက် သည် တဖြည်းဖြည်း လက်တွေ့ဖြစ်လာသည်ကို ကျွန်ုပ်တို့ မြင်ခဲ့ရ ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရုရှားရှိ မိသားစုကို ကာကွယ်ခြင်းကဲ့သို့သော ဌာနေတိုင်းရင်းသားများနှင့် ဘာသာရေးတန်ဖိုးများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အစ္စလာမ့်သွန်သင်ချက်များနှင့် ဆက်စပ်နေသည်ဟု အာယာသွလ္လာဟ် မိုဟ်စင်န် ကွမ်းမီ မှ က မိန့်ကြားရင်း ယနေ့ခေတ်တွင် အနောက်တိုင်းစနစ်၏ ဘုံတန်ဖိုးများကို ထိပ်တိုက်ရင် ဆိုင်တိုက်ခိုက် ခြင်း ကို တော်လှန် ခြင်း သည် နှစ်နိုင်ငံ၏ ပူးတွဲတာဝန်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ISIS ထူထောင်မှုတွင် ဤနိုင်ငံ၏ တိုက်ရိုက်အခန်းကဏ္ဍကို အမေရိကန်အာဏာပိုင်များ၏ ဝန်ခံချက်ကို ရည်ညွှန်း ပြီး ယနေ့တွင် အကြမ်းဖက်အဖွဲ့များသည် အစ္စလာမ်နှင့် ဘာမှမဆိုင်ကြောင်း မွတ်ဆလင်များအားလုံး သဘော ပေါက်ကြပြီး၊ အဆိုပါ အစွန်းရောက်အဖွဲ့များက မွတ်စလင်မ် လူငယ် ထောင်ပေါင်းများစွာ နှင့် ရာနှင့်ချီသော အစ္စလာမ့် သာသနာ့ ပညာရှင်များ ကို သတ်ဖြတ်ခဲ့ကြကြောင်း သာသနာ့ ပညာရှင် အများစု မှာ စွန်နီပညာရှင် များဖြစ်ကြောင်း အာယာသွလ္လာဟ် မိုဟ်စင်န် ကွမ်းမီ မှ မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း ၍ ISIS နှင့် အခြားအကြမ်းဖက်အဖွဲ့များက အီရတ်၊ ဆီးရီးယားနှင့် လစ်ဗျားရှိ အဆောက်အဦများကို ဖျက်ဆီးခဲ့ပါတယ်။ အားလုံး ထက် အရေးအကြီးဆုံးအချက် မှာ အစ္စလာမ်၏ မျက်နှာကို ဆူပူအကြမ်းဖက်သည့် မျက်နှာ ဖြစ်အောင် အသွင်ပြောင်း ခဲ့ပါတယ်။ သို့သော် ကံကောင်းထောက်မစွာ ယနေ့ခေတ်တွင် ဤဘုံနားလည်မှု မှာ အစ္စလာမ် အိုလမာ တွင် ရှိပါတယ်။ ပြီး နောက် အစွန်းရောက်အမြင်များကို အစ္စလာမ် အိုလမာ မှ တိုက်ဖျက် ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်၍ မွတ်စလင်မ် များသည် ကွတ်ဒ်စ် လွတ်မြောက်ရေးနှင့် ကမ္ဘာပေါ်တွင် အစ္စလာမ့်ယဉ်ကျေးမှုသစ် ထူထောင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကိစ္စကို မိန့်ကြားရင်း မွတ်စလင်များသည် တရားမျှတမှုကို ထူထောင်ရန်၊ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကို ဖျက်ဆီး ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုဖြင့် အစ္စလာမ်ယဉ်ကျေးမှုကို ဖန်တီး သင့်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ပြီးနောက် အာယာသွလ္လာဟ် မိုဟ်စင်န် ကွမ်းမီ မှ အမေရိကန်နှင့် ဂါဇာနှင့် လက်ဘနွန်ရှိ ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှု ဆိုင်ရာ ခေါင်းဆောင်မှုကို ခေတ်သစ် ရိုင်းစိုင်းမှု၏ သင်္ကေတအဖြစ် ဖော်ပြခဲ့ပြီး မွတ်စလင်မ် များသည် ကိုယ်ကျင့် တရားနှင့် ဘာသာရေးကို ထိန်းသိမ်းရန် တိုက်ပွဲဝင်နေသော ရှေ့တန်း၏ ကံကြမ္မာကို လျစ်လျူ မရှု သင့်ဟု မိန့်ကြားခဲ့ပါ တယ်။
.......................................................
END / 251