၇ ဒီဇင်ဘာ ၂၀၂၄ - ၀၇:၀၅
ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ပေါ်တွင် ၎င်းပုံတော်များပေါ် ထိုင်ခြင်း ကိစ္စ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ပေါ်တွင် ၎င်းပုံတော်များပေါ် ထိုင်ခြင်း ကိစ္စ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Burrak Organization ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ပေါ်တွင် ၎င်းပုံတော်များပေါ် ထိုင်ခြင်း ကိစ္စ  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ပေါ်တွင် (ပုံတော်များပေါ်) ထိုင်ခြင်းအတွက် မည်ကဲ့သို့ အမိန့် ရှိပါသနည်း?

အဖြေ

ဂျာနမာဇ် အပေါ် တွင် ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ ရောင်ဇာ ဂွန်ဗဒ် ပုံပြုလုပ်ခြင်းသည် ပြဿနာ မရှိချေ။ သို့သော် ဤပုံတော် များ အပေါ် ထိုင်ခြင်းသည် ( ပတ်ဝန်းကျင် အများအမြင်တွင်) ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ ရောင်ဇာ ဂွန်ဗဒ် အား မလေးစားခြင်း သို့မဟုတ် စော်ကားခြင်းဟု ယူဆကြလျင် ထိုင်ခြင်း သည် မပိုင်ချေ။

အကြံပြုချက် -  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မိန့်ထားသည့် အတိုင်း ကြံနိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် များ ကို  ရိုသေ လေးစားလျင် အကောင်းဆုံး ဖြစ်ပါသည်။  ဤ အတွက် ကြောင့် ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ၏ ပုံတော်များ အပေါ် မထိုင်မိအောင် မနင်း မိအောင် ကြိုးစားသင့်ပါတယ်။ အကြောင်း မှာ ကျနော်တို့ ၏ ဘာသာရေး လေးစားသည့် ပတ်ဝန်းကျင် အသိုင်း အဝိုင်း တွင် ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ၏ ပုံတော်များ အပေါ် ထိုင်ခြင်း နင်း သွားခြင်း ကို မနှစ်သက်ကြ၍ ဖြစ်ပါတယ်။ 

ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ပေါ်ထိုင်ခြင်း ကို မဆိုလိုကြောင်း ကအ်ဗဟ် သို့မဟုတ် မအ်စူမီးန် (အ.စ) ၏ရောင်ဇာ ဂွန်ဗဒ် ပုံ ပါသည့် ဂျာနမာဇ် ၏  ပုံတော်များ အပေါ် ထိုင်ခြင်း ကို ဆိုလိုကြောင်း ကို လည်း သတိပြုရန် တင်ပြအပ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251