အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဗရှားရ် အစဒ် ဦးဆောင်တဲ့ ဆီးရီးယား နိုင်ငံ၏ အစိုးရကို ဖြုတ်ချခဲ့တဲ့ ဒမတ်စကတ် မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ ဒီဇင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေ နေ့ တွင် ဒမတ်စကတ် ရှိ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံသံရုံးကို တိုက်ခိုက်ခဲ့ကြပါတယ်။
အလ်အရ်ဘီယဟ် ကွန်ရက်မှ ထုတ်ဝေသည့် ဓာတ်ပုံများအရ ဆီးရီးယား အတိုက်အခံအုပ်စုများသည် သံရုံးအဆောက်အအုံကို ဖျက်ဆီးကာ ပြတင်းပေါက်များကို ဖြိုခွင်းကာ အဆိုပါ အကြမ်းဖက် အဖွဲ့များက သံရုံးအတွင်းရှိ ပစ္စည်းများအားလုံးကို ဖျက်ဆီးရန် ကြိုးစား ခဲ့ကြောင်း သိခဲ့ရပါတယ်။
အကြမ်းဖက် အဖွဲ့များ မှ ဗရှားရ် အစဒ် ဦးဆောင်တဲ့ ဆီးရီးယား နိုင်ငံ၏ အစိုးရကို ဖြုတ်ချရသည့် အဓိက ရည်ရွယ်ချက်မှာ အီရန် မှ ဟစ်ဘွလ္လာဟ် အား ကူညီရန် ဆီးရီးယား မြေ ကို အသုံး မပြုနိုင်ရန် အီရန် ၊ ဟစ်ဘွလ္လာဟ် ၊ ရုရှား ဆီးရီးယား မြေ ကို အသုံးမပြုနိုင်ရန် အမေရိကန် ၊ အစ္စရေး ၊တူရကီ နှင့် ၎င်းတို့၏ မဟာမိတ်များ ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပေးရန် ဖြစ်ပါတယ်။

.......................................................
END / 251