အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ ဇီယွန်ဝါဒီသတင်းဝက်ဘ်ဆိုက် Walla က ဇီယွန်အစိုးရသည် သဲဟ်ရီးရွန်ရှ်ရှမ်း (ယခင် ဂျစ်ဗ်ဟသွန်နိုစ်ရဟ်) အဖွဲ့ အကြမ်းဖက်သမား အဖွဲ့ အပါအဝင် ဆီးရီးယားရှိ လက်နက်ကိုင် အဖွဲ့အမျိုးမျိုး နှင့် တိုက်ရိုက် အဆက်အသွယ်ရှိကြောင်း တနင်္ဂနွေနေ့တွင် ရေးသားခဲ့ပါတယ်။
ဤအဆင့်တွင် အစ္စရေးသည် လက်နက်ကိုင်တပ်များကို နယ်စပ်အနီး (ဆီးရီးယားနှင့် သိမ်းပိုက်ထားသော ပါလက်စတိုင်းကြားနယ်စပ်) အနီးသို့ မသွားစေလိုကြောင်း ဇီယွန်ဝါဒီသတင်းဆိုက်တွင် ရေးသားထားပါတယ်။
ဇီယွန်ဝါဒီမီဒီယာများမှ ဇီယွန်စစ်တပ်၏ ပြောက်ကျား နှင့် သံချပ်ကာတပ်မဟာ ၉၈ အား ဆီးရီးယားနယ်စပ်သို့ ခေါ်ယူထားကြောင်း ဖော်ပြခဲ့ပါတယ်။
အစောပိုင်းတွင် ဇီယွန်ဝါဒီ မီဒီယာ သတင်းရင်းမြစ်များက တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အစ္စရေး တင့်ကားများသည် သိမ်းပိုက်ထားသော ဂိုလန်နယ်စပ် ခြံစည်းရိုးကို ဖြတ်ကျော်ကာ ဆီးရီးယားနယ်စပ်သို့ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
.......................................................
END / 251