အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားတောင်ပိုင်းတွင် ဇီယွန်ဝါဒီစစ်တပ်၏ ကြီးမားသောတိုးတက်မှုကို မီဒီယာသတင်းရင်းမြစ်များက ဖော်ပြခဲ့ပါတယ်။
ဤအစီရင်ခံစာအရ ဇီယွန်စစ်အစိုးရ၏ တင့်ကားများသည် ဆီးရီးယားပိုင်နက်အတွင်း ဆက်လက်တိုးလာကာ ယင်းနိုင်ငံ၏ ကနီသွာရဟ် ပြည်နယ်ကိုဖြတ်ကာ မြို့တော် ဒမတ်စကတ် မြို့ နှင့် ကီလိုမီတာ ၂၀ အကွာအဝေးသာ ကျန် တော့သည် နေရာ အထိ ရောက်ရှိ လာပြီး ဖြစ်ပါတယ်။
လွန်ခဲ့သည့် နာရီပိုင်းအတွင်း၊ ဇီယွန်အစိုးရ၏ တပ်ဖွဲ့များသည် ဒမတ်စကတ်၏ တောင်ဘက် ဆင်ခြေဖုံးရှိ မြို့ရွာ ၉ မြို့ကို သိမ်းပိုက်ခဲ့ပြီး အရ်နဟ် ၊ ဗကအ်စန်မ် ၊ အရ်ရီမဟ် ၊ ဟိုင်နဟ် နှင့် အလ်ဟိုစိုင်းန်နီယဟ် တို့ အပါအဝင် မြို့ပေါင်း ၉ ခုကို သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါနေရာများသည် ဆီးရီးယားနှင့် လက်ဘနွန်နယ်စပ်တွင် တည်ရှိပါတယ်။
လက်ရှိတွင် ဇီယွန်အစိုးရ၏ တင့်ကားများသည် ဒမတ်စကတ် နှင့် ဘေရွတ် နိုင်ငံတကာလမ်းမှ ၈.၅ ကီလိုမီတာ အကွာအဝေးနှင့် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မှ ကီလိုမီတာ ၂၀ အကွာအဝေးတွင် “ကတ်သွ်နာ” ရွာတစ်ဝိုက်တွင် တပ်စွဲထားပါတယ်။
ဆီးရီးယားတွင် ဇီယွန်ဝါဒီအစိုးရစစ်တပ်၏ ကြီးမားသောတိုက်ခိုက်မှုသည် ဗရှားရ် အစဒ် အစိုးရ ကျဆုံးချိန်နှင့် တချိန်တည်းတွင် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အကျိုးဆက်များကို တားဆီးရန်နှင့် အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ စတင်ခဲ့ပါတယ်။
အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ နှင့် ၎င်း ၏ အဖွဲ့ Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ နှင့် မဟာမိတ်များသည် ဆီးရီးယားနယ်မြေကို ကာကွယ်ရန်နှင့် ဇီယွန်စစ်တပ်၏ ရန်စမှုများကို ရင်ဆိုင်ရာတွင် မည်သည့်လုပ်ဆောင်မှုမျှ မပြသခဲ့ပေ။ ယခုအချိန်အထိ ဇီယွန်စစ်တပ်၏ ဆီးရီးယား နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုကို ရှုတ်ချခြင်းမရှိသေးပေ။
.......................................................
END / 251