အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News အေဂျင်စီမှ သတင်းထောက်၏ ပြောကြားချက်အရ အီရန် တော်လှန်ရေးအစောင့်တပ် IRGC အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ သည် အင်္ဂါနေ့တွင် အီရန် အစ္စလာမ်သမ္မတနိုင်ငံ ပါလီမန်၏ အလွတ် သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ က အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယားမှာ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ယမန်နေ့က အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် လွှတ်တော်တွင်း ဆီးရီးယားနှင့် ဒေသတွင်း နောက်ဆုံးဖြစ်ရပ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားခဲ့ကြောင်း မှတ်သားသင့်ပါတယ်။
.......................................................
END / 251