၁၁ ဒီဇင်ဘာ ၂၀၂၄ - ၁၀:၄၃
ကျွန်ုပ်တို့၏ပြဿနာ က  ဇီယွန်ဝါဒီ အစိုးရကြောင်း မဟုတ်ဘဲ  ဟစ်ဘွလ္လာဟ် ၊ ဗရှားရ်အစဒ် နှင့် ၎င်းတို့ ၏ ကျန်အစိတ်အပိုင်းများ  ဖြစ်ကြောင်း  အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ ပြောကြား

Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ ၏ အကြီးအကဲ အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ က ဇီယွန်အစိုးရ ၏ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ တကယ့်ပြဿနာက ဟစ်ဘွလ္လာဟ် နှင့် ဗရှားရ် အစဒ် အစိုးရ ၎င်းတို့ ၏ ကျန်အစိတ်အပိုင်းများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency က အလ်ဂျဇီးရဟ် ကို ကိုးကားပြီး ဒမတ်စကတ်ကို သိမ်းပိုက်ထားတဲ့ အကြမ်းဖက်အဖွဲ့ အကြီးအကဲ အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ  က အခုလို ပြောပါတယ်။ ဆီးရီးယားပြည်သူတွေ ပင်ပန်းနွမ်းနယ်ပြီး နှစ်ပေါင်းများစွာ စစ်တိုက်နေခဲ့တာ ကြောင့် တိုင်းပြည်က စစ်ပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း ဖြစ် ပါတယ်။

အမေရိကန် ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ  က ဇီယွန်အစိုးရသည် ဆီးရီးယားကို တိုက်ခိုက်ခြင်းဖြင့် လွန်ကျူးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယား၏ တကယ့်ပြဿနာမှာ ဇီယွန်ဝါဒီအစိုးရမဟုတ်ဘဲ ဟစ်ဘွလ္လာဟ် နှင့် ဗရှားရ် အစဒ် အစိုးရ ၎င်းတို့ ၏ ကျန်အစိတ်အပိုင်းများ ဖြစ်ကြောင်း ၎င်းတို့ကို ဖယ်ရှားခြင်းသည် ပြဿနာ၏ အဖြေဖြစ်ကြောင်း မိုဂျာဟစ်ဒ် အမည် ခံ အကြမ်းဖက်သမား အစ္စရေး နှင့် အမေရိကန် ကျွန် အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ မှ ပြောကြား ခဲ့ပါတယ်။ 

ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးကို မကြာမီ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများက ယုံကြည်စိတ်ချစွာ ဆောင်ရွက်လျက်ရှိသည်ဟု အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ  က ပြောကြားခဲ့ပါတယ်။

Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အဖွဲ့ နှင့်ပတ်သက်၍ နိုင်ငံ တကာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုသည် အခြေအမြစ်မရှိ ကြောင်း မကြာခင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး ယူဆောင်လာမယ် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

လက်တလော မြင်နေရသည့် အချက်ကတော့ အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ   သည် ဆီးရီးယား ကို လွတ်မြောက်အောင် ပြုပေးသူမဟုတ်ဘဲ အစ္စရေး လက်ထဲ ထည့်နေသူ ဖြစ်ကြောင်း အချက်ပင် ဖြစ်ပါတယ်။

.......................................................

END / 251