၁၃ ဒီဇင်ဘာ ၂၀၂၄ - ၀၇:၄၁
အစ္စလာမ် ဘာသာတွင် ကျောင်းပြီးကျောင်းဆင်း ဟူ၍ မရှိပါ / ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင်န် ကရာအသ်သီ

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင်န် ကရာအသ်သီ အနေဖြင့် မနုဿလူတစ်ယောက်ဟာ မိမိ ၏ ဘဝတစ်လျှောက်လုံး ပညာများ ကို ဆက်လက်ဆည်းပူးနေမည် ဖြစ်ပြီး ဘယ်တော့မှ ကျောင်းပြီး၊ ကျောင်းဆင်း မရှိကြောင်း ဒီပလိုမာ ၊ ဘွဲ့ သို့မဟုတ် ဟောင်ဇဟ် ၏ အဆင့် ၁ နှင့် ၂ ဘွဲ့ရရုံဖြင့် မကျေနပ်သင့် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အဆိုအရ အီရန်နိုင်ငံ ၏ အေကာမဟ် နမာဇ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် မိုဟ်စင်န် ကရာအသ်သီ  က နမာဇ်ဇေ ဂျူမ်အဟ် ကော်မတီ နှင့်ကာရှာန်း မြူနီစီပယ်၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် အားကစားအဖွဲ့အစည်းတို့ ပူးပေါင်း ပြီး ကာရှာန်း တွင် ကျင်းပသည့် "နမာဇ် ညီလာခံ " ၌ ယနေ့ ပြောကြားခဲ့သည်မှာ - နယ်ပယ်အသီးသီးတွင် မိမိတို့၏ အရည်အချင်းများနှင့် အရည် အသွေးများ ကို သိအောင်ပြုရန် ပြီးနောက် ပတ်ဝန်းကျင်တွင် နမာဇ် ဝတ်ပြုမှု ကို မြှင့်တင် နိုင်ရန် အသုံးပြုရမည် ဖြစ်ပါတယ်။

ဆက်လက်ပြီး အစ္စလမ်ဘာသာတွင် ကျောင်းပြီးကျောင်းဆင်းဆိုသည့် အယူ မရှိကြောင်းနှင့် မနုဿ လူသား တစ်ဦးသည် မိမိ၏ ဘဝတစ်လျှောက်လုံး ပညာများ ကို ဆည်းပူးကာ မိမိ  အသက်ရှင်နေသမျှ ကာလပတ်လုံး ဘာသာတရားနှင့် လူသားများ ကို အကျိုးပြုစေမှု ဖြင့် ဘဝ တည်ဆောက် ရမည် ဖြစ်ကြောင်း  အွတ်သ်သာဒ် မိုဟ်စင်န် ကရာအသ်သီ   မှ ပြောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် မိုဟ်စင်န် ကရာအသ်သီ  က လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန်အတွက် မိမိ နှင့် မသက်ဆိုင် ဟု မပြသင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အွတ်သ်သာဒ် မိုဟ်စင်န် ကရာအသ်သီ   မှ လူတိုင်း အနေဖြင့် မိမိတို့ ၏ ရာထူး သို့မဟုတ် နေရာ တွင် နေပြီး ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ကို ပြုပြင် ပြောင်းလဲ တည်းမတ် ပေး နိုင် မိမိတို့ ၏ တာဝန် ဝတ္တရား များ ကို ခံစားတတ်ရန် လိုအပ်ကြောင်း ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရေးသည် အိုလမာ  သို့မဟုတ် သက်ကြီးရွယ်အိုများ၏ တာဝန်သာမကဘဲ အားလုံး ၏ စုပေါင်းတာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

 

ပြီးနောက် အွတ်သ်သာဒ် မိုဟ်စင်န် ကရာအသ်သီ    မှ ရုပ်မြင်သံကြားနှင့် နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာမှုတွင် အချိန် အလွန် အကျွံ သုံးစွဲခြင်းအပေါ် ဝေဖန် ပြောကြားရင်း ရုပ်မြင်သံကြားရှေ့တွင် အချိန်များစွာဖြုန်းခြင်းသည် ကျွန်ုပ်တို့ ၏ အသက်အရွယ်ကို ဖြုန်းတီးရာရောက်ပြီး တစ်ခါတစ်ရံတွင် နိုင်ငံရေး ပိုင်းခြားစိတ်ဖြာမှုသည်လည်း အချိန်ဖြုန်း ခြင်းဖြစ်လာကြောင်း ကျွန်ုပ်တို့  ဘာသာရေး ၏ အခြေခံ အုတ်မြစ် မှာ နမာဇ် ဖြစ်ကြောင်း  ကေယာ မသ် နေ့ တွင် ပထမဆုံး မေးခွန်း မှာ နမာဇ် နှင့်ပတ်သက်၍ ဖြစ်ကြောင်း ဤ အချက်သည် နမာဇ် ၏ အ‌ရေးပါ အရေးကြီး မှု ကို ပြသ‌ နေကြောင်း လူအများ စုရုံးသည့် နေရာများတွင် နမာဇ် ဝတ်ပြု ရဲသည့် သတ္တိ ရှိဖို့ လို ကြောင်း အကြောင်း မှာ မိမိ ၏ ဤလုပ်ရပ် နှင့် အလ္လာဟ် နှစ်မြို့မှု အတွက်ဆိုသည့် နီယသ် ကြောင့် အခြား သူများ ကိုလည်း နမာဇ်  ဝတ်ပြုရန် အတွက် ဆွဲဆောင် နိုင်မည် ဖြစ်ကြောင်း အကယ်၍ မိမိ ၏ ဤလုပ်ရပ် တွင် ပြစားမှု မပါလျင်  အလ္လာဟ် ဟို အရှင်မြတ် ၏ အကုအညီ လည်း ရရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251