၁၃ ဒီဇင်ဘာ ၂၀၂၄ - ၀၉:၂၂
ဆီးရီးယား ကို အောင်လံထူခဲ့သည့် မိုဂျာဟစ်ဒ် များ ဘာကြောင့် ဂါဇာ အထိ မရောက်ကြပါသနည်း?

ဤ မေးခွန်း ၏ အဖြေ ကို ပါကစ္စတန် နိုင်ငံ ၏ အကျော်အမော် ရှီအဟ် အာလင်မ်တစ်ပါး မှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဤ မေးခွန်း ၏ အဖြေ ကို ပါကစ္စတန် နိုင်ငံ ၏ အကျော်အမော် ရှီအဟ် အာလင်မ်တစ်ပါး မှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

«  အမေရိကန် ပြထား သည့် ‌ဂျေဟာဒ် လမ်း တွင် လျှောက် သည့် မိုဂျာဟစ်ဒ်များ ၊ အစ္စရေး ၏ ဂျေဟာဒ် ၏ သင်ရိုးညွှန်းတမ်းကို ဖတ်သည့် မိုဂျာဟစ်ဒ်များ သည် အီဗလစ် အထိတော့ ရောက် နိုင်ကြပါတယ်။ သို့သော် အလ္လာဟ် အထိ တော့ ရောက်ကြမည် မဟုတ်ချေ။ »

ဤအာလင်မ် ၏ စကား သည် အနှစ် စကား ဖြစ်ပြီး စဥ်းစား သူများ အတွက် လက်ရှိ Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ သက္က်ဖီးရီ အဖွဲ့ နှင့် ဤအဖွဲ့ ၏ ခေါင်းဆောင် အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ သည် စစ်မှန်သည့် အစ္စလာမ် အတွက် တိုက်နေသူများလား? အမေရိကန် ၊အစ္စရေး ၏ ကြေးစား ကျွန်များလား? ဆိုတာကို ထင်ရှား စွာ သိမြင်ရမည် ဖြစ်ပါတယ်။

အမှန်တရားနှင့် တရားမျှတမှုကို လိုလားသည့် လူမျိုးမရွေး ဘာသာမရွေး  အမှန်တရား နှင့် စစ်မှန်သည့် တရားမျှတမှုကို မြင်နိုင် ကြပါစေ။

.......................................................

END / 251