အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သက္က်ဖီးရီ အကြမ်းဖက်သမားများ က ဆီးရီးယားကို သိမ်းပိုက်ပြီးနောက် ဇီယွန်ဝါဒီအစိုးရ၏ ဆက်တိုက် တိုက်ခိုက်မှု များ ဆက်လက်ဖြစ်ပွားနေကြောင်း Maher News Agency က အလ်မယာဒီးန် သတင်းဌာန အား ကိုးကား၍ ပြောကြားခဲ့ပါတယ်။
ဆီးရီးယား လွတ်မြောက်ရေး အမည်ဖြင့် ဗရှားရ်ရိုလ်အစဒ် အစိုးရကို ဖြုတ်ချခဲ့သော Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ သက္က်ဖီးရီ အဖွဲ့ နှင့် ဤအဖွဲ့ ၏ ခေါင်းဆောင် အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ တို့ သည် ဆီးရီးယား နိုင်ငံ၏ စစ်တပ်နှင့် အရပ်ဘက် တပ်များကို ဇီယွန်ဝါဒီ အစိုးရ၏ တိုက်ခိုက်မှုကို ရပ်တန့်မည့်အစား ကြည့်ရှုသူများ အဖြစ် နေပြီး နှုတ်ဆိတ်နေကြပါတယ်။
ဒမတ်စကတ်မြို့ မှရရှိသည့်အချက်အလက်များအရ ပြီးခဲ့သောနာရီအနည်းငယ်အတွင်းတွင် အကြမ်းဖက် ဇီယွန်နစ် လေယာဉ်များသည် ဗုံးအမျိုးအစား မျိုးစုံ ၁၈၀၀ အသုံးပြုခဲ့ပြီး တိုက်ခိုက်မှုပေါင်း ၅၀၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ဆီးရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိရပါတယ်။
ဆီးရီးယား၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၏ ၉၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့သည့်ဒမတ်စကတ် ၊ ကနီသွာရဟ် ၊ ဒီရာဇ်ဇူရ် နှင့် အခြားမြို့များရှိ ဇီယွန်စစ်လေယာဉ်များသည် ကာကွယ်ရေးအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားမီဒီယာများက ဖော်ပြခဲ့ပါတယ်။
.......................................................
END / 251
