အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ နှင့် မြင့်မြတ်သည့် နာမတော် များရေးထားသည့် လက်စွပ် အား ရေချိုးခန်း သို့မဟုတ် အိမ်သာသို့သွားချိန် ဝတ်ခြင်း ဆိုင်ရာ ရှရီအီအမိန့် ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အကယ်၍ လက်တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ နာမတော်များ ၊ ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ် တော်များ သို့မဟုတ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နာမတော်များ ရေးထားသည့် လက်စွပ် ကို ဝတ်ပြီး ရေးချိုး ခန်း သို့မဟုတ် အိမ်သာ သွားလို့ ရပါသလား?
အဖြေ
မက်ရူးဟ် ဖြစ်ပါသည်။ သို့သော် နဂျာစသ် (ထိမည်) ကို စိုးရိမ် ၍ ဖြစ်စေ သို့မဟုတ် ဤလုပ်ရပ်သည် စော်ကားသလို မလေးမစားပြုသလို ဖြစ်မည်ဆိုလျင် အိမ်သာတတ်ချိန် ဝတ်ဆင်ခြင်းသည် မမှန်ချေ။ ထိုပြင် ဤလက်စွပ်ဝတ်ထားသည့် လက် ဖြင့် (အပေါ့၊ အလေးသွားသည့်နေရာကို) ဆေးကြောခြင်းသည် ဟရာမ် ဖြစ်ပါ သည်။
အကြံပြုချက် - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ ကျနော်တို့ အနေဖြင့် အထက်ဖော်ပြပါ လက်စွပ်များ ဝတ်ဆင်ထားမည်ဆိုလျင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မိန့်ထားသည့် အတိုင်း ကျင့်နိုင်အောင် ကြိုးစားရပါမည်။ ပြီးနောက် သတိပြုရမည့် အချက်တစ်ခု မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ နာမတော်များ ၊ ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ် တော်များ သို့မဟုတ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နာမတော်များ ရေးထားသည့် နာမတော်များ၊ အမည်တော်များ ကို ဝဇူမရှိဘဲ ထိ၍ မရခြင်း ဖြစ်ပါ တယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251