၂၃ ဖေဖော်ဝါရီ ၂၀၂၅ - ၂၁:၄၉
ခန္ဓာကိုယ် မှ အီမာန် ၏ ဝိညာဥ် ထွက်စေသည့် လုပ်ရပ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ခန္ဓာကိုယ် မှ အီမာန် ၏ ဝိညာဥ် ထွက်စေသည့် လုပ်ရပ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق (عليه السلام):

مَنْ أَفْطَرَ يَوْماً مِنْ شَهْرِ رَمَضَانَ خَرَجَ رُوحُ اَلْإِيمَانِ مِنْهُ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

«  အကြင်မည်သူမဆို တမင်တကာ လမြတ် ရမ်ဒွါန် ၏ ရိုဇဟ် တစ်ရက် မထားမည်ဆိုလျင် ထိုသူ၏ ကိုယ်ခန္ဓာ မှ အီမာန် ၏ ဝိညာဥ် သည် ထွက် သွား မည် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း  ၊  အတွဲ ၇ ၊ စာမျက်နှာ ၁၈၁

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ တမင်တကာ တရားတော် မှ ခွင့်ပြုထားသည့် အခြေအနေ မှ အပ ရိုဇဟ် အား ထားကို ထားရမည် ဖြစ်ပါတယ်။ တရားတော်မှ ခွင့်ပြုထားသည့် အခြေအနေတွင်လည်း နောက်လာမည့် နှစ် ရမ်ဒွါန်လမြတ် မတိုင်ခင် ကဇွာ ထားကိုထားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251