၂၅ ဖေဖော်ဝါရီ ၂၀၂၅ - ၀၃:၀၇
ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် စျာပန အခမ်းအနား အပြီး လူထု က ဝမ်းနည်းကြောင်း ဖော်ပြကြ

ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ကို မြှုပ်နှံပြီးနောက် လက်ဘနွန်လူမျိုးများသည် မိမိ တို့၏ ခေါင်း ဆောင်ကြီး အား ညလုံးပေါက် မိမိ တို့၏ ချစ်ခြင်းမေတ္တာ နှင့် သစ္စာတရားကို ဆက်လက်ဖော်ပြခဲ့ကြ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ အာဇာနည် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ကိုယ်ခန္ဓာ အား ၎င်း၏ ထာဝရ ကျိန်းဝပ်ရာ နေရာတွင် ဒဖ်နာ ပြီး နောက် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ပရိသတ်များ နှင့် ချစ်ခင်သူ အများ အပြားသည် ဤမဟာ မဟာ မိုဂျာဟစ်ဒ် ၏  အုတ်ဂူ သို့ ညလုံးပေါက် လာ ရောက်ခဲ့ကြပြီး အာဇာနည်ကြီးအား ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့ကြပါတယ်။

ချမ်းအေးပြီး နှင်းတွေကျနေပေမယ့် ဘေရွတ်မြို့ မှာ ပြုလုပ်သည် ရှဟီးဒ်  ၏ ဤ  ဈာပနအခမ်းအနားကို လူသန်း ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။

လက်ဘနွန်မီဒီယာများ၏ အဆိုအရ ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန်တို့ ၏ ဈာပနအခမ်းအနားသို့ တို့ကို တက်ရောက်သူ အရေအတွက်သည် တစ်သန်းကျော် ရှိသည်ဟု သိရပါတယ်။

ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏မွေးရပ်ဇာတိ ဒီးရ် ကာနူန် အန်နဟာရ် တွင် ဒဖ်နာ မည် ဖြစ်ပါတယ်။

.......................................................

END / 251