၂၆ ဖေဖော်ဝါရီ ၂၀၂၅ - ၁၈:၀၅
အိန္ဒိယ နိုင်ငံ အကျော်အမော် အာလင်မ် တစ်ပါး ဖြစ်သည့် မောင်လာနာ ဆယက်ဒ်  နအီးမ် အဘာစ် အာဗေဒီ အလ္လာဟ့် အမိန့် ခံယူ

အိန္ဒိယနိုင်ငံ၏ အထင်ကရဘာသာရေးပညာရှင် တစ်ပါး ဖြစ်ပြီး ဂျာမေအသိုလ်မွန်သဇရ် နောင်ဂါဝါန် ဆဒါသ် အမ်ရိုဟဟ် ၏ ကျောင်းအုပ်ဖြစ်သူ အာဖ်သာဗ် ဗေခေသွာဗသ် မောင်လာနာ ဆယက်ဒ် နအီးမ် အဘာစ် အာဗေဒီ သည် သက်တော် ၇၅ နှစ်တွင် ဒေလီမြို့ရှိ Family Hospital ၌ ကုသမှုခံယူနေစဉ် ဖေဖော် ဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့်တော် ခံယူ သွားကြောင်း ဝမ်းနည်း စွာ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ၏ အထင်ကရဘာသာရေးပညာရှင် တစ်ပါး ဖြစ်ပြီး ဂျာမေအသိုလ်မွန်သဇရ် နောင်ဂါဝါန် ဆဒါသ် အမ်ရိုဟဟ် ၏ ကျောင်းအုပ်ဖြစ်သူ အာဖ်သာဗ် ဗေခေသွာဗသ် မောင်လာနာ ဆယက်ဒ် နအီးမ် အဘာစ် အာဗေဒီ  သည် သက်တော် ၇၅ နှစ်တွင် ဒေလီမြို့ရှိ Family Hospital ၌ ကုသမှုခံယူနေစဉ် ဖေဖော် ဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့်တော် ခံယူ သွားကြောင်း ဝမ်းနည်း စွာ သိရပါတယ်။

ဤဝမ်းနည်း ဖွယ်ဖြစ်ရပ်ကြောင့်  ပညာရေးနှင့် ဘာသာရေးအသိုင်းအဝိုင်းအတွက် ပြုပြင်၍မရသော ဆုံးရှုံးမှုတစ်ခုဖြစ်ခံရပါတယ်၊ ပြီးနောက်  မရ်ဟွန်မ် (ကွယ်လွန်သူ) သည် ကျော်ကြားသည့် သာသနာ့ပညာရှင်ကြီး တစ်ပါး ၊ မိမိ ၏ ဘာသာဝင်များ အတွက် အလ္လာဟ့် နှစ်မြို့မှု ရရန်ဆိုသည့် နီယသ် နှင့် အလုပ်အကျွေးပြုသူ  ၊ သာသနာပြု ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ မရ်ဟွန်မ် ၏ စာပေနှင့် သာသနာ့ဝန်ဆောင်များကို အမြဲအမှတ်ရ နေမည်ဖြစ်ပါတယ်။

ကျွန်ုပ်တို့သည် မရ်ဟွန်မ် မောင်လာနာ အတွက်  အလ္လာဟ်ဟို အရှင်မြတ် မဂ်ဖေရသ် ပြုတော်မူရန် ၎င်း ၏နေရာ အဆင့် အတန်း ကို တိုးမြှင့် ပေးရန် မအ်စူမ်များ (အ.စ) နှင့် အတူ နေထိုင် ခွင့် ရရန် အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင် မြတ် သခင်ထံ ဆုတောင်းအပ်ပါတယ်။

ပြီးနောက် အလ္လာဟ်အရှင်မြတ်သည် ကျန်ရစ်သူမိသားစု၊ အထူးသဖြင့် မရ်ဟွန်မ် မောင်လာနာ ၏ သားသမီးများအား ဤကြီးစွာသောဆုံးရှုံးမှုကြီးကို သည်းခံခြင်း နှင့် ကြီးမားသည့်ဆဝါးဗ် ရရှိမှု၊  ပြီးနောက် ဝမ်းနည် ဖွယ် ဖြစ်ရန် ကို ရင်ဆိုင် နိုင်ရန် သတ္တိတို့ကို ပေးသနားတော်မူပါရန် ထပ်လောင်း ဆုတောင်း လိုက်ပါတယ်။

မရ်ဟွန်မ် မောင်လာနာ ဆယက်ဒ် နအီးမ် အဘာစ် အာဗေဒီ   ၏ နမာဇ်ဇေ ဂျနာဇဟ် အား ဂျာမေအသိုလ်မွန်သဇရ် နောင်ဂါဝါန် ဆဒါသ် အမ်ရိုဟဟ် တွင် ဖေဖော် ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဝတ်ပြုခဲ့ကြပြီး ဒဖ်နာခြင်း အစီအစဥ် ကို ပြုခဲ့ကြကြောင်း တင်ပြအပ်ပါတယ်။

.......................................................

END / 251