အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ က ရမ်ဒွါန် လမြတ် မစတင်မီ သာသနာပြု ဆရာတော် များထံ စာရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ထိုစာတွင် လမြတ် ရမ်ဒွါန် အတွင်း မိမိတို့ ၏ စွမ်းအား နှင့် အညီ အလ္လာဟ် နှစ်မြို့ မှု အတွက် ခရီး ထွက်ကြရန် ထိုမှ သာ ကျမ်းတော်မြတ် ကုရ်အာန် ၏« لِیُنْذِرُوا قَوْمَهُمْ إِذا رَجَعُوا إِلَیْهِمْ» အမိန့်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ယခုအချိန်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တစ်ခုလုံးသည် လူကြီးမင်း တို့၏ စကားများကို ကြားနာရန် စိတ်အားထက်သန်နေ ကြောင်း ပါဝင်ပါတယ်။
ထိုပြင် ရမ်ဒွါန် လမြတ် အတွင်း အလ္လာဟ် မလုပ်ပါစေနှင့် ၊ မည်သည့်ရွာမှ ဘာသာရေးပညာရှင်မရှိဘဲ မဖြစ် သင့်ကြောင်း ဖြစ်နိုင်ရင် ရက်ရောမှုပြပြီး ရွာမှာ တရားဟောဖို့ ဖိတ်ခေါ်တာကို အပြုသဘောနဲ့ လက်ခံ ကြဖို့ ဆိုထားပါတယ်။
ဆက်လက်ပြီး မိမိ သွားလေရာရာ၌ စာတမ်း တစ်စောင်ရေးရမည် ဖြစ်ကြောင်း သို့မဟုတ် မိမိ နှင့်အတူ စာသင်ကျောင်းတက်နေသကဲ့သို့ စာတမ်း တစ်စောင်ကို လေ့လာရမည် ဖြစ်ကြောင်း သို့မဟုတ်ပါက လူတစ်ဦး သည် တစ်လကျော်ကြာ သင်ကြားရေးနှင့် ဆွေးနွေးမှုမှ ထွက်သွားပါက အလွန်ခက်ခဲမည်ဖြစ်ကြောင်း ကျောင်းသား များ တစ်နေရာရာမှာ ရှိနေရင် ၎င်း တို့အတွက် သင်ခန်းစာတစ်ခုကို သေချာစီစဉ်ရမည် ဖြစ်ကြောင်း ဆိုထားပါတယ်။
ဆက်လက်ပြီး မိမိတစ်ဦး တည်း ဆိုလျင် ရှိက်ခ် မိုဖီးဒ် (ရ.ဟ) သို့မဟုတ် အေမာမ် ခိုမေနီ (ရ.ဟ) ပမာ သာသာနာ ပညာရှင်များ ကြီး ၏ သောင်ဇီးဟိုလ်မစာအေလ် အသေး သို့မဟုတ် အကြီး ကို အသုံး ပြုသင့် ကြောင်း နောက်ဆုံးတွင် စာအုပ် စာတမ်း အမြောက် အများ ရှိကြောင်း ပါရှန်း (ဖွာရစီဘာသာဖြင့် ဖြစ်စေ ) အာရဘီ ဘာသာစကားနှင့် ဖြစ်စေ အတိုချုံး ဖြစ်စေ ၊ အသေးစိတ် ဖြစ်စေ ၊ဖေက်ဟီ ဖြစ်စေ ၊ ရီဝါယသ် ဖြစ် စေ သို့မဟုတ် သဖ်စီးရ် ဖြစ်စေ အသုံး ပြုသင့် ကြောင်း ထိုမှ သာ လူကြီး မင်းတို့၏ လုပ်ရပ် သည် ပညာရပ်ဆိုင်ရာ လုပ်ရပ် ဖြစ်မည် ဖြစ်ကြောင်း အလ္လာဟ်ဟို အရှင်မြတ် ၏ နာမည် ယူ၍ ချီတက်ရမည် ဖြစ်ကြောင်း အင်န်ရှာအလ္လာဟ် သဗ်လီးဂ် အေလာဟီ ပြုလုပ်၍ အလ္လာဟ် ဟို အရှင်မြတ် ၏ နေဇာမ်း ( စနစ် ) ကို ထိန်းသိမ်း ရမည် ဖြစ်ကြောင်း ဆိုထားပါတယ်။
.......................................................
END / 251
