အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ တရုတ် နှင့် ရုရှားရေတပ် စစ်သင်္ဘောများသည် အီရန်နှင့် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အိန္ဒိယ မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် သင်္ဘောများတွင် ရုရှားရေတပ်မှ စစ်သင်္ဘောများနှင့် ထောက်ပံ့ပို့ ဆောင်ရေးသင်္ဘောများ ပါဝင်ပြီး တရုတ်ရေတပ်မှ စစ်သင်္ဘောများနှင့် ထောက်ပံ့ပို့ ဆောင်ရေး သင်္ဘောများလည်း ပါဝင်ကြောင်း သိရပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ရေတပ်ဖျက်သင်္ဘော ဂျမရာန် အလ်ဝန် ၊ ဗါယဒ်ဒရ်၊ စစ်သင်္ဘောများ ဖြစ်သည့် နိုင်ဇဟ် ၊ ကနာဝဟ် ၊ နာယေဗဒ် နှင့် ဗဲဟ်ရ်ဂါန် တို့သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ပြီး အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်သင်္ဘောများတွင် ရှဟီးဒ် ဆယာဒ် ရှီးရာဇီး ၊ ရှဟီးဒ် ရူဟီ နှင့် ရှဟီးဒ် မဲဟ်မူဒီ တို့ ပါဝင်မည်ဖြစ်ပါတယ်။
အနှစ်ချုပ်အား ဖြင့် ရုရှား ၊ တရုတ် နှင့် အီရန် သုံးနိုင်ငံ ၏ လေတပ်များ စုပေါင်း၍ လေ့ကျင့်ရေးပြုမည် အစီအစဥ် သည် ကမ္ဘာအတွက် နှင့် အထူးသဖြင့် အမေရိကန် ၊ အစ္စရေး နှင့် မဟာမိတ်များ အတွက် အရိပ်ပြလျင် အကောင်မြင်စေလိုသည့် အစီအစဥ်များ မှ တစ်ခု ဖြစ်နိုင်ပါတယ်။
.......................................................
END / 251
Your Comment