အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် အမေရိကန်တို့ ပြည်ထောင်စူ တို့ ကြား ပထမအကြိမ် သွယ်ဝိုက်သော ဆွေးနွေးပွဲနှင့် ပတ်သက်သည့် မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် Dmitry Peskov က အပြန်အလှန် အကျိုးစီးပွားနှင့် အပြန်အလှန် လေးစားမှုဆိုင်ရာ အခြေခံမူများပေါ်တွင် အခြေခံ၍ ဆက်လက် ညှိနှိုင်းဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နျူကလီးယားအစီအစဉ်နှင့် နျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်သည့် ပြဿနာအားလုံးကို နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းသင့်သည်ဟု Dmitry Peskov က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံသည် အီရန်နျူကလီးယားပြဿနာအား ငြိမ်းချမ်းစွာဖြေရှင်းရေးအား မိမိ ၏ ဦးစားပေးကိစ္စများထဲ မှ တစ်ခုအဖြစ် မှတ်ယူထားပြီး စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို အပြည့်အဝ အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူက အလေးအနက် ပြောကြားခဲ့ပါတယ်။
ရုရှား၊ အီရန်နှင့် တရုတ်နိုင်ငံတို့အကြား အမျိုးမျိုးသော ကိစ္စရပ်များအတွက် ဆွေးနွေးမှုများနှင့်ပတ်သက်၍ Peskov မှ ဖြေကြားရာတွင် ရုရှား၊ အီရန်နှင့် တရုတ်တို့အကြား အမျိုးမျိုးသော ကိစ္စရပ်များအတွက် ဆွေးနွေးမှု များသည် သုံးနိုင်ငံအကျိုးစီးပွားနှင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment