အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံသည် သတ်မှတ်ထားသော မူဘောင်တစ်ခု အတွင်းနှင့် အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပေးသည့် ဘောင်အတွင်း၌ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်း ရေး ဆိုင်ရာ သဘောတူညီချက်တစ်ရပ်အတွက် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သပါတယ်။
သို့သော်လည်း အီရန်သည် အဆိုပါ စေ့စပ်ညှိနှိုင်းမှုများကို အကောင်းမြင်၊ အဆိုးမြင်မှု မရှိကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့် ကြားခဲ့ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန၌ ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် စွမ်းအင်ကဏ္ဍတွင် ဟန်ချက်ညီညီ၊ ပညာရေး တရားမျှတမှု တိုးချဲ့ရေးနှင့် ပြည်သူများ၏ စီးပွားရေးကို နိုင်ငံတော် အစိုးရ၏ ထိပ်တန်း ဦးစားပေးများအဖြစ် ကြေငြာခဲ့ပြီး အခြေခံကျသော တီထွင်ဆန်းသစ်သော မဟာဗျူဟာများဖြင့် တိုင်း ရင်းသားပြည်နယ်များ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် အုပ်ချုပ်ရေးမှူးများအား တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနှင့် သွယ်ဝိုက်သော ဆွေးနွေးပွဲများ ဆွေးနွေးနေစဉ်တွင် အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က မိမိ ၏ အစိုးရသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု ဆက်ဆံရေးကို မြှင့်တင်ရန် အစကတည်းက အလေးပေး ပြောကြားခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။ အီရန်သည် အပြန်အလှန်လေးစားမှုကို အခြေခံ၍ အပြု သဘောဆောင်သော ဆက်ဆံရေးကို ကြိုးပမ်းလျက်ရှိပါတယ်။
အီရန်သည် သတ်မှတ်ထားသော မူဘောင်တစ်ခုအတွင်း အမေရိကန်နှ င့် မိမိတို့ ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန် အဆင်သင့်ဖြစ်နေပြီဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သော်လည်း အမေရိကန်က တန်းတူညီမျှ ညှိနှိုင်းရန် ဆန္ဒမရှိပါက အီရန်သည် မိမိ ၏ လမ်းကြောင်းအတိုင်း ဆက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး အီရန် သမ္မတ မှ ကျွန်တော်တို့ရဲ့ ပြည်တွင်း စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုအပြည့်နဲ့ တိုင်းပြည် ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ကျွန်ုပ်တို့ အီရန်လူမျိုးများသည် အရည် အချင်းပြည့်ဝ သောလူမျိုး ဖြစ်ပြီး မိမိကိုယ်ကို မည်သူတစ်ဦးတစ်ယောက်ထက် နိမ့်ကျသည်ဟု ဘယ်တော့မှ မယူဆကြောင်း ပြောကြားခဲ့ပါတယ်။
တင်းမာမှုတွေ တိုးမလာစေချင်ပေမယ့် ဖိအားတွေနဲ့ အနိုင်ကျင့်တာကို လက်မခံဘူးလို့ အီရန် သမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။
သိပ္ပံ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ပညာရေးနယ်ပယ်များတွင် ကျွန်ုပ်တို့၏ အထင်ကရ ပုဂ္ဂိုလ်အများအပြားကို ရန်သူလက်ချက်ဖြင့် အသေခံခဲ့ရကြောင်းအီရန် ရန်သူ အနေဖြင့် အီရန်နိုင်ငံ၏ အရင်းအမြစ်များကို အလွယ်တကူ သိမ်းယူနိုင်မည် မဟုတ်ကြောင်း အကြောင်း မှာ အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို အီရန်တွင် ရှိနေသေးကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ကပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment