အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အူစူလေ ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
کُلُّ دُعَاءٍ یُدْعَى اللَّهُ عَزَّ وَجَلَّ بِهِ مَحْجُوبٌ عَنِ السَّمَاءِ حَتَّى یُصَلَّى عَلَى مُحَمَّدٍ وَآلِ مُحَمَّدٍ..
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ်ထံ တောင်းလျှောက်သော ဆုတောင်းတိုင်း (ဒိုအာတိုင်း) သည် မိုဟမ္မဒ် (ဆွ) အာလေ့မိုဟမ္မဒ် (အ.စ) အပေါ် ဆလ်ဝသ် မပို့သမခြင်း ကောင်းကင်ဘုံသို့ မရောက်နိုင် ချေ။ (ဒိုအာကဘူလ် ဖြစ်မည် မဟုတ်ချေ။ ) »
ကျမ်းကိုး ။ ။ အူစူလေ ကာဖီ ကျမ်း ၊ အတွဲ ၂၊ စာမျက်နှာ ၄၉၃၆၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့အနေဖြင့် ရှရီအီ ဒိုအာတောင်းသည့်အခါတိုင်း မိုဟမ္မဒ် (ဆွ) အာလေ့မိုဟမ္မဒ် (အ.စ) အပေါ် ဆလ်ဝသ် ပို့ရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် မိမိ ရှရီအီ ဒိုအာများ ကို တောင်းသည့် အခါတိုင်း အဖွင့် နှင့် အပိတ်တွင် ဆလ်ဝသ် များ ဖတ်ရမည် ဖြစ်ပါတယ်။ မိမိတို့ အဆင်ပြေသလောက် အပွင့်အပိတ် တွင် ဆလ်ဝသ် ၅ကြိမ် ၊ ၁၁ကြိမ် ၊ ၁၄ ကြိမ် ဖတ်သင့်ပါတယ်။
****************************************************************
END / 251
Your Comment