အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
سَتُدْفَنُ فِیهَا امرَأَةٌ منْ أَوْلَادِی تُسَمَّی فَاطِمَة فَمَنْ زَارَهَا وَجَبَتْ لَهُ الْجَنَّةُ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« မကြာမီတွင်၊ ကျွန်ုပ်၏သားစဉ်မြေးဆက်မှ အမျိုးသမီးတစ်ဦးသည် သူမ၏ အမည်မှာ (ဖွာတွေမဟ်) ဖြစ်ပြီး ထိုနေရာတွင် (ကွမ်းမြို့) ၌ ဒဖ်နာ ခြင်းခံရမည် ဖြစ်ပါသည်။ အကြင်မည်သူမဆို ၎င်း ၏ ဇေယာရသ် ပြုမည်ဆိုလျင် ထိုသူ အတွက် ဂျန္နသ်သုခဘုံ သို့ ဝင်ရောက်ရန် ဝါဂျစ်ဗ် ဖြစ်သွားမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၆၀ ၊ စာမျက်နှာ ၂၁၆
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေအနေဖြင့် သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် ကွမ်း (စ.အ) ၏ဇေယာရသ် အား မအ်ရေဖသ် နှင့် တစ်ကွ ပြုနိုင်အောင်ကြိုးစား ရမည် ဖြစ်ပါတယ်။ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် ဇေယာ မပြုနိုင်လျင်လည်း ကွမ်းမြို့သို့ ဇေယာရသ် ပြုရန် သွားသူများ နှင့် ကွမ်းမြို့ တွင် နေထိုင် ပညာသင်ယူနေသည့် အမိမြန်မာ နိုင်ငံသူ ၊ နိုင်ငံသားများထံ မိမိတို့ ကိုယ်စား ဇေယာရသ်ပြုပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုသင့်ပါတယ်။
****************************************************************
END / 251
Your Comment