အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် အထွေထွေအတွင်းရေးမှူး H.I ရှိက်ခ် နအီးမ် ကာစင်မ် သည် အစ္စရေးနှင့် ဆက်ဆံရေး ကြိုးပမ်းမှုများကို ပယ်ချခဲ့ပြီး လက်ဘနွန်စီးပွားရေးကို ပြန်လည်ထူထောင်ရန်၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်နှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ကာကွယ်ရန် ၎င်း၏သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ ပါတယ်။
H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ လက်ဘနွန်သတင်းစာ Al-Aqdhar အား ပြောဆိုရာတွင် ဟစ်ဘွလ္လာဟ် သည် မိမိ ၏ မဟာမိတ်များ နှင့် ကိုယ်စားလှယ်များနှင့်အတူ လက်ဘနွန်နိုင်ငံ၏ သမာဓိနှင့် လွတ်လပ်ရေးကို ကာကွယ်ရန် ကြိုးပမ်းနေသည့် လက်ဘနွန်တွင် အားကောင်းပြီး ထိရောက်သော အဖွဲ့အစည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ လက်ဘနွန်နိုင်ငံ၏ စီးပွားရေးပြန်လည်နိုးထလာမှုတွင် မိမိ တို့၏မဟာမိတ်များနှင့် လက်ဘနွန်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို မီးမောင်းထိုး ပြပြီး အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများ ပြန်လည် ထူထောင် ရေး၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်နှင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ထူထောင် ရေးတို့ကို ပြောကြား ခဲ့ပါတယ်။
H.I ရှိက်ခ် နအီးမ် ကာစင်မ် က မိမိ တို့သည် လွတ်လပ်ရေးလှုပ်ရှားမှုအဖြစ် ခုခံမှုအတွက် စိန်ခေါ်မှုများ ကိုရင်ဆိုင်နေရပြီး အစ္စရေးသိမ်းပိုက်မှုနှင့် ဇီယွန်ဝါဒီအစိုးရနှင့် ဆက်ဆံရေးပုံမှန်ဖြစ်စေရန် မည်သည့်ပုံစံဖြင့်မဆို ပယ်ချကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
အစ္စရေးနှင့် အာရပ်အစိုးရများကြား ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းမှုသည် ပါလက်စတိုင်းကို ချေမှုန်းရန် ကြိုးပမ်းမှု ဖြစ်ကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် က ပြောကြား ခဲ့ပါတယ်။
စစ်ပွဲအပြီး ပေါ်ပေါက်လာသည့် အခြေအနေနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် H.I ရှိက်ခ် နအီးမ် ကာစင်မ် က ပြဿနာများကို ဆန်းစစ်ရန်နှင့် ၎င်း၏ ချို့ယွင်းချက်များကို စုံစမ်းစစ်ဆေးရန်မှာ မိမိ ပါတီ၏ တာဝန် အနည်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် ၏ အုတ်မြစ်များ ခိုင်ခံ့ပြီး ယင်းအခြေခံအုတ်မြစ်များကို လက်တွေ့အဖြစ်သို့ ပြောင်းလဲရန် နှင့် သက်သေပြ ရန် အတွက် နည်းလမ်းအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် က ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment