၂ မေ ၂၀၁၅ - ၀၈:၅၅
 အီရတ် တွင် IS အဖွဲ့ဝင် ၂၁ဦး ဇီဝိန် ချုပ်

အီရတ် နိုင်ငံ ဂိုရ်ဒ်ဒေစတန် ဒီမိုကရက်တစ် ပါတီခေါင်းဆောင်မှ အီရတ်နိုင်ငံ၏ တောင်ပိုင်းဒေသ ရှိ ဆန်ဂျာရ် မြို့ တွင် အကြမ်းဖက် သမား IS အဖွဲ့ဝင် ၂၁ဦး ဇီဝိန် ချုပ်ခဲ့ ကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အလ်အာလန်မ် သတင်းဌာန၏ သတင်းထုတ်ပြန်ချက် အရ ဂိုရ်ဒ်ဒေစတန် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် စအီးဒ် မမူဇီနီ မှ ဆိုမရီယာသတင်းဌာန၏ အမေးအဖြေကဏ္ဍ တွင် မောင်စေလ်မြို့ အနောက်ဖက်ပိုင်း ရှိ ဆန်ဂျာရ် မြို့ တွင် အကြမ်းဖက် သမား IS တို့နှင့် ဖြန့်ချထားသည့် အီရတ် တပ်ဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ IS အကြမ်းဖက် အဖွဲ့ဝင် ၂၁ဦး ဇီဝိန် ချုပ်ခဲ့ ကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။


IS အကြမ်းဖက် အဖွဲ့ဝင်များသည် ဆန်ဂျာရ် မြို့ ကို တိုက်ခိုက်ရန် ကြိုးပမ်းနေချိန် တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပါတယ် ။

စအီးဒ် မမူဇီနီ အနေဖြင့် ဤတိုက်ပွဲ အတွင် IS အကြမ်းဖက် အဖွဲ့ ကိုဆန်ကျင့်တဲ့ မဟာမိတ် အဖွဲ့ များ ၏ တိုက်လေယာဉ်များ ကလည်း ကူတိုက်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


-------------------------------------------------------
251 / End