၈ မေ ၂၀၁၅ - ၁၉:၂၄
ဆော်ဒီ အစိုးရမှ အာယာသွလ္လာဟ် ရှိက်္ခနေမေရ် အတွက် ကြိုးပေးရန် ရက်သတ်မှတ်

အေက်နာသတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘာကေရ်ရွလ်နေမေရ် အား ဆော်ဒီ အိမ်ရှေ့ မင်းသားဟောင်း ကွယ်လွန်ခဲ့သည့်နေ့ တွင် ကြိုးမိန့်ပေးရန် ဆော်ဒီ အစိုးရ မှ သတ်မှတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အာဝါ သတင်းဌာန မှ သတင်းတစ်ခု ထုတ်ပြန်ကြေညာခဲ့မှု ကို အေက်နာသတင်းဌာနမှဖော်ပြထားပါတယ် ။ ဖော်ပြချက်မှာ ဆော်ဒီ နိုင်ငံသား အကျော်အမော် ရှီအာ (ရှီအိုက်) အာလင်မ်မေဒီးန် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘာကေရ်ရွလ်နေမေရ် ကို ကြိုးပေးရန် ရက်သတ်မှတ်ချက်အတိအကျကို ဆော်ဒီ အစိုးရမှ ချမှတ် လိုက်ကြောင်းဖြစ်ပါတယ်။ ထိုနေ့ သည် ရဂျဗ်လမြတ် ၏ ၂၅ ရက်နေ့ မေလ ၁၄ရက်၂၀၁၅ ခုနှစ် ဖြစ်ပါတယ်။
ရဂျဗ်လမြတ် ၏ ၂၅ ရက်နေ့ ဟာဆော်ဒီအိမ်ရှေ့ မင်းသားဟောင်း နာယေဖ်ဗင် အဗ်ဒွလ်အဇီးဇ် အာလေစအူးဒ် ဇီဝိန်ချုပ်သွားတဲ့နေ့ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ် ဟာ အလွန်တရာ ဘက်လိုက် အစွန်းရောက် ဖြစ်ပြီး ဝဟာဘီ အုပ်စု ၏ အရေးကြီး ပုဂ္ဂိုလ်များမှ တစ်ဦးလည်း ဖြစ်ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘာကေရ်ရွလ်နေမေရ် ကိုဆော်ဒီအစိုးရ မှ ဖမ်းချုပ် ထောင်ချထားတာ ၄နှစ် ရှိနေပြီး ဖြစ်ပါတယ်။ အာယာသွလ္လာဟ်ကြီး အနေဖြင့် အစွန်းရောက် ဆော်ဒီအိမ်ရှေ့ မင်းသားဟောင်း နာယေဖ်ဗင် အဗ်ဒွလ်အဇီးဇ် အာလေစအူးဒ် နှင့်ပတ်သက်ပြီး ၎င်း၏ ရုပ်ပုံအစစ် အမှန်ကိုဖော်ပြသည့် မိန့်ခွန်းများ အကြိမ်များစွာ ဟောကြားခဲ့သူဖြစ်ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘာကေရ်ရွလ်နေမေရ်ကိုကြိုးပေးရန် ရက်အတိအကျ ဆော်ဒီ အစိုးရဖက်မှ သတ်မှတ်ပြီးကြောင်း သတင်းထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက် မီဒီယာ များတွင် အပြင်း အထန် ဝေဖန် ကန့်ကွက်မှုများ ရှိလာတာကို တွေ့နေရပါတယ်။
အန္တရာယ်ကြီးတဲ့ ရလာဒ်လည်း ထွက်လာလိမ့်မည် ဖြစ်ပါတယ်။ အာယာသွလ္လာဟ် ရှိက်္ခနေမေရ် အားကြိုးပေးခဲ့မည်ဆိုလျင် ဆော်ဒီ နိုင်ငံ အတွင်း အထူးသဖြင့် ဆော်ဒီရှီအာ များ (ရှီအိုက်များ) နေထိုင်သည့်ဒေသများတွင် မတည်ငြိမ်မှုတွေ အကြပ်အတည်းတွေ ၊အခြေအနေမကောင်းမှုတွေနဲ့ ဆော်ဒီ အစိုးရ အပြင်းအထန် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။
---------------------------
251 / End