၂၉ မေ ၂၀၁၅ - ၁၄:၄၂
ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းဒေသ ရှိ ရှီအာ မစ်ဂျစ်ဒ်တစ်လုံး ဖြစ်သည့် အေမာမ် ဟိုစိန် (အ.စ) မစ်ဂျစ်ဒ်တွင် အသေခံ ဗုံးကွဲမှု ဖြစ်ပွား +

ဝဟာဘီ သက္က်ဖီးရီး အသေခံဗုံးခွဲသမား လူသားမဆန်သူ တစ်ဦး မှာ ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းဒေသ ရှိ ရှီအာ မစ်ဂျစ်ဒ် များမှ တစ်လုံး ဖြစ်သည့် အေမာမ် ဟိုစိန် (အ.စ) မစ်ဂျစ်ဒ်တွင် အသေခံ ဗုံးကွဲမှု တစ်ခု ကို ယနေ့ ရက်စက်စွာ ပြုလုပ်ခဲ့ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဝဟာဘီ သက္က်ဖီးရီး အသေခံဗုံးခွဲသမား ၊လူသားမဆန်သူ တစ်ဦး မှာ ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းဒေသ ရှိ ဒမာန်မ် မြို့ ၏ ရှီအာ မစ်ဂျစ်ဒ် များမှ တစ်လုံး ဖြစ်သည့် အေမာမ် ဟိုစိန် (အ.စ) မစ်ဂျစ်ဒ်တွင် အသေခံ ဗုံးကွဲမှု တစ်ခု ကို ရက်စက်စွာ ပြုလုပ်ခဲ့ပါတယ်။ ဤလူမဆန်မှု ကြောင့် တယောက် ရှဟီးဒ် ဖြစ်ခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဤဗုံးပေါက်ခွဲမှုဟာ အေမာမ် ဟိုစိန် (အ.စ) ဂျအ်မေ့ မစ်ဂျစ်ဒ် ဝင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
ဤဗုံးပေါက်ခွဲ မှုဟာ အသေခံ ဖောက်ခွဲ ခြင်းမျိုး ဖြစ်ပြီး နမာဇ်စေ ဂျွန်မာ ဝတ်ပြုနေစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဤ အသေခံတိုက်ခိုက်မှု ကြောင့် နမာဇ်ဝတ်ပြုသူ တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ကျန် ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အသေခံဗုံးခွဲသူ မှာ အမျိုးသမီးအဝတ်နှင့် ခြုံထည်ကို အသုံးပြုခဲ့တာပါ ။
အသေခံ ဗုံးခွဲသူမှာ အမျိုးသမီးအဝတ်နှင့် ခြုံထည်ကို အသုံးပြု ပြီး မိမိကိုယ့်ကို ဖောက်ကွဲသေမည့် အရာများ နှင့် ရစ်ပတ်ထားပြီး ဗလီ အတွင်း အမျိုးသမီးများ ဝင်သည့် တံခါးပေါက်အကြီးမှ ဝင်ပြီး နမာဇ် ဝတ်ပြုနေသူများကို လုပ်ကြံရန် စိစဉ်ထားသူဖြစ်ပါတယ်။
၎င်းမှ ဗလီ အတွင်း အမျိုးသမီးများ ဝင်သည့် တံခါးပေါက်အကြီးဖက်မှ ဝင်နေစဉ် လုံခြုံရေး တပ်ဖွဲ့မှာ ဖမ်းမိရာ ချက်ချင်း ဗလီအတွင်း ရှိ ကားများ ရပ်နားသည့်နေရာတွင် မိမိကိုယ်ကို အသေခံ ဗုံးခွဲ လိုက်ခြင်း ဖြစ်ပါတယ်။
အစီရင်ခံစာ အရ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့ ဝင် ၂ဦးမှာ အသေခံဗုံးခွဲ တိုက်ခိုက်မည့် ဝဟာဘီကို သံသယ ဖြစ်မိပြီး ၎င်းကို ဗလီအတွင်း ဝင်ရန် ပိတ်ဆို့ပြီး တားဆီးချိန်တွင် ၎င်းဝဟာဘီမှာ မတတ်နိုင်တော့ သည့် အဆုံး မိမိခါးတွင်တတ်ထားသည့် ဗုံးခလုတ်ကိုနှိပ်ပြီး လူမဆန်စွာ တိုက်ခိုက်ခံခြင်း ဖြစ်ပါတယ်။
ဤပေါက်ကွဲမှု ဟာ ဗလီလာသည့် မိုမေနီ မိုမေနသ်များ ကားရပ်နားသည့်နေရာ Parking မှာ ဖြစ်ခဲ့ပြီး ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့ ဝင် တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ကျန် ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလ်မီယန်ဒီးန် ရုပ်မြင်သံကြား ၏ သတင်းထုတ်ပြန်ကြေညာချက်အရ အကြမ်းဖက်သမား တစ် ယောက်မှ ဒမာန်မ်မြို့ ၏ အလ်အနိုဒ် ဒေသရှိ အေမာမ် ဟိုစိန် (အ.စ) မစ်ဂျစ်ဒ် ၏ Parking အနီးတွင် အသေခံ ဗုံးဖောက်ခွဲ ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ကသီးဖ်ပြည်နယ်၏ အလ်ဂိုဒိုင်ဟ် မြို့ ရှိ အေမာမ်အလီ(အ.စ) မစ်ဂျစ်ဒ်တွင် သောကြာနမာဇ် အတွင်း ပေါက်ကွဲခဲ့ပြီးနောက် တစ်ပတ်အကြာ ဤပေါက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အေမာမ်အလီ(အ.စ) မစ်ဂျစ်ဒ်တွင် သောကြာနမာဇ် အတွင်း ပေါက်ကွဲမှု ကို IS (ခ) ဒါအေရှ် အကြမ်းဖက် အဖွဲ့ မှ ဝန်ခံတာဝန်ယူ ကြေညာခဲ့ပါတယ်။ ဤ IS (ခ) ဒါအေရှ် အကြမ်းဖက် သမား၏ အသေခံ လူမဆန်စွာ ပေါက်ခွဲ တိုက်ခိုက်မှုကြောင့်နမာဇ် ဝတ်ပြု သူ ၂၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
============================
251 / End