၁ ဇွန် ၂၀၁၅ - ၁၈:၅၂
အီရတ် နိုင်ငံ အလ်အန်ဗါရ် ဒေသ၏ စစ်ဆင်ရေး၏ ရလာဒ်တွင် အကြမ်းဖက်သမား အဖွဲ့ ၏ ဇီဝိန် ချုပ်မှု စတင်

အီရတ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးမှပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံ အနောက် အလ်အန်ဗါရ်ဒေသ တွင် စစ်ဆင်ရေး ၏ ရလာဒ်ကြောင့် IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ ဝင် အယောက် ၂၀ ဇီဝိန် ချုပ် သွားခဲ့ကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရစာ သတင်းဌာန၏ သတင်း အထောက်အထား အရ အီရတ် လုံခြုံရေး တပ်မတော် မှ ပြီးခဲ့သည့် သောကြာနေ့ တွင် အီရတ်နိုင်ငံ အနောက် အလ်အန်ဗါရ်ဒေသ ရှိ အလ်ကာအေမ်မြို့ တွင် စစ်ဆင် ရေး တစ်ခု ပြုလုပ်ခဲ့ကြောင်း ၊၎င်း စစ်ဆင်ရေး ၏ ရလာဒ်ကြောင့် IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ ဝင် အယောက် ၂၀ ဇီဝိန် ချုပ် သွားခဲ့ကြောင်း တင်ပြထားပါတယ်။
ဆက်လက်ပြီးတင်ပြထားပါတယ်။ ဇီဝိန် ချုပ် သွားတဲ့ အကြမ်းဖက်သမား အယောက် ၂၀ အတွင်း ဗိုလ် ၅ ဦး ပါဝင်ခဲ့ကြောင်း ၎င်းဗိုလ်များမှာ အလ်အန်ဗါရ်ဒေသကို အကြမ်းဖက်ရာတွင် ဦးဆောင်ခဲ့ကြကြောင်း တင်ပြထားပါတယ်။
ဇီဝိန် ချုပ် သွားတဲ့ အကြမ်းဖက်သမား IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ အများစု မှာ အီရတ် နိုင်ငံသား များ မဟုတ်ဘဲ အခြား နိုင်ငံခြားသားများ ဖြစ်ပြီး IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ တွင် ပါဝင်လာပြီး အီရတ် နိုင်ငံ တွင် အကြမ်းဖက် စစ်တိုက် နေကြောင်း ပြောကြားခဲ့ပါတယ်။
စဉ်းစားရန် အချက်မှာ ကုလသမဂ္ဂ ၏ အထွေထွေအတွင်းရေမှူး ဗန်ကီ မွန်မှ ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့ သောကြာနေ့တွင် မိမိ၏ အစီရင်ခံတွင် အီရတ် နှင့် ဆီးရီးယား နိုင်ငံတွင် ရှိနေသည့် IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ တွင် နိုင်ငံပေါင်း ၁၀၀ မှ အယောက် ၁သိန်း ၂သောင်းခွဲ ပါဝင် နေကြောင်းထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး ရှင်းလင်းပြပါတယ်။ အကြမ်းဖက်အဖွဲ့ ဝင် အများစု ၏ အသက်မှာ ၁၅ နှစ်မှ ၃၅ နှစ် အကြား ရှိကြောင်းပြောကြားခဲ့ပါတယ်။
အံ့သြစရာ အချက်မှာ ကုလသမဂ္ဂ ၏ အထွေထွေအတွင်းရေမှူး ဗန်ကီ မွန် မှ ဒီလောက် သတင်း တွေ သိလျက် အရေးယူမှုများ မရှိဘဲ သတင်းထောက်သမားတစ်ဦး ပမာ သတင်းများကိုသာ ပေးနေ တင်ပြနေသည့် အချက်ဖြစ်ပါတယ်။
ကုလသမဂ္ဂ ၏ အထွေထွေအတွင်းရေမှူး ဗန်ကီ မွန် အနေဖြင့် ဒီ အကြမ်းဖက် အဖွဲ့ ကို ဘယ်သူတွေ ကျောထောက် နောက်ခံ ပြုနေကြောင်း ကို ကောင်းကောင်း သိရှိနေတဲ့သူ ဖြစ်ပါ တယ်။
ဗန်ကီ မွန် ကိုယ်တိုင် ၎င်း အကြမ်းဖက် အဖွဲ့ကြီးများ၏လမ်းညွန်ချက်အတိုင်း သရုပ် ဆောင်နေ ကြောင်း ရစာ သတင်းဌာန မှ ဆိုထားပါတယ်။
=============================
251 / End