အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီရတ်နိုင်ငံတွင် သီတင်းသုံးနေထိုင်နေတော်မူသည့် ရှီအာ အကျော် အမော် မရ်ဂျာများမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီး ဟိုစိန် နဂျဖီး မှ သက္က်ဖီးရီး အကြမ်းဖက်သမားတွေဟာ ကမ္ဘာ့ ဗိုလ်ကျနေသူများ ၏ အင်အား အောက်တွင် ကြီးပြင်းနေ တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။၏။
ဆက်လက်ပြီး အာယာသွလ္လာဟ်ကြီးမှ ပြောကြား သည်မှာ လက်ရှိ မွတ်စလင်မ်မ် နိုင်ငံများတွင် ဒုက္ခသောက ၊ ညှဉ်းပန်းနှိပ်စက်မှု များ (သေကြေပျက်စီးနေမှုများ ) နှင့်ရင်ဆိုင်နေရပါတယ် ။ အဲဒီနောက် ကွယ်မှာ လက်ရှိ အစ္စလာမ့်ရန်သူများ၏ လက်ချက် ဖြစ်တယ်လို့ပြော ကြားခဲ့ပါတယ်။
ဒီအစ္စလာမ်ရန်သူ အင်အား တွေ သာ အစ္စလာမ်၏ ဆန်ကျင့်ဖက် အကြမ်းဖက် သမားများ အစွန်းရောက်များ ကို ပျိုးထောင်ပေးနေတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒီသက္က်ဖီးရီ အကြမ်းဖက် သမားတွေ ဟာ အစ္စလာမ့် သာသနာတော်ကို ခုတုံးလုပ် အသုံးချပြီး မွတ်စလင်မ် နိုင်ငံများတွင် အစွန်းရောက်မှု၊အယူသန်မှု ၊ (ယုံကြည်မှု ဆိုင်ရာ ကဏ္ဍ တွေကို လိုတာထက်ပို့ ၊လိုတာထက်လျော့ ) စေသည့် ဝါဒတွေ ဖြန့်နေပြီး မွတ်စလင်မ်များ ကို အစု လိုက် အုပ်လုပ် သတ်ဖြတ်မှုကိုပြု နေကြောင်း ၊ လူအခွင့်အရေး ကို ချိုးဖောက်စေသည့် ရာဇဝတ်မှုတွေ ကို ကျူး လွန် နေကြကြောင်း ၊ အမှန်တကယ် ၎င်းတို့ကို လက်လိုင်ထားသူ မှာ အစ္စရေး ဆိုက်ယူနစ်(ဇီယွန်) ဝါဒီတွေ နှင့် ၎င်းတို့၏ မဟာမိတ် တွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးနောက် အီရတ် နိုင်ငံ အတွင်း ဤ အကြမ်းဖက် သမားများ ဖက်မှာ အရို အသေ အလေးမြတ် ထိုက်သည့် သာသနာ့ အဆောက်အဦးများ ကို ပြိုဖျက်နေသည့် ကိစ္စဖက်သို့ ညွန်းပြ၍ ၎င်း ၊ အီရန်ပြည်သူ လူထု အား မိမိ တိုင်းပြည်နှင် အရို အသေ အလေးမြတ် ထိုက်သည့် သာသနာ့ အဆောက်အဦးများ ကို ကာကွယ်စောင့်ရှောက် ဖို့ လက်နက်ကိုင်ရန် လုခြုံတပ်များတွင် ဝင်ရောက်နေရာယူရန် ဖသ်ဝါ ပေးခဲ့သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ဖသ်ဝါကို ပြန်လည် အသိပေး ခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ ဖသ်ဝါကို လက်တွေ့ လိုက်နာ ကျင့်သုံးဖို့ ၊ အကြမ်းဖက် သက္က်ဖီးရီများ ကို တော်လှန်ရန် ရှေ့ ထွက်ဖို့ အီရန်ပြသည်သူလူထု ၏ အမျိုးသားရေး အရ ဖြစ်စေ ၊ စာရိတ္တအရဖြစ် မပြုမနေရ ထမ်းဆောင်ရမည့် တာဝန် ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။
အယာသွလ္လာဟ် မှ အကြမ်းဖက် သက္က်ဖီးရီများ နှင့် စစ်တိုက်နေသည့် အီရတ် တပ်မတော် အောင်မြင်ဖို့နှင့် စစ်ပွဲများ အတွက် ဒဏ်ရာ ရရှိခဲ့ကြသည့် စစ်သား များ အမြန်ဆုံး ပြန်လည် ကောင်းမွနလာစေရန် ဒိုအာ ပြုခဲ့ပါတာယ်။ ဤစစ်ပွဲများ တွင် ရှဟီးဒ် ဘွဲ့ခဲ့ရခဲ့သူများ ၊ဒဏ်ရာ ရရှိခဲ့သူများ အားလုံး၏ အိမ်သူအိမ် သားများကို ကိုယ်ချင်းစာ အားပေး စကား ပြောရမည်မှာ အီရတ် နိုင်ငံ သားအားလုံး၏ သမိုင်းပေး တာဝန် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဗရှီး ဟိုစိန် နဂျဖီး မှ ကမ္ဘာ့ ဗိုလ်ကျနေသူများ အီရတ်ကို မကောင်းလိုနေသူများ သိထားရမည်မှာ အင်ရှာ အလ္လာဟ် အကြာမီ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အကူ အညီ အဖေး အမ နှင့် အီ၇တ်အစိုးရနှင့် ပြည်သူလူထု တို့၏ ကြံ့ကြံ့ ခိုင် ရပ်တည်မှုတို့ကြောင့် အီရတ်နိုင်ငံ တွင်သမိုင်းဝင်ကျန်ရစ် သွားမည့် အရှုံးနှင့် သက္က်ဖီးရီး အကြမ်းဖက်သမားတွေရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
--------------------------------------
251 / E nd