လူတစ်ယောက်သည် စွန်ပလွန်သီးအမြောက်အများ သိုလှောင် ထားလေသည်။၎င်းသည် သေဆုံးချိန် နီးလာသည့်အခါ မဟာတမန်တော်မြတ်ကြီး (ဆွ) အား ဤ သိုလှောင်ထားသည့် စွန်ပလွန်သီး များ အားလုံးကို ကျွန်တော် ကွယ်လွန်ပြီးနောက်ပိုင်း အလ္လာဟ် ဟို အရှင်မြတ်၏ လမ်းတော်တွင် ဆဒ်ကာ အဖြင့် ပေးကမ်း လှူဒါန်း ပေးပါရန် မေတ္တာ ရပ်ခံလေ၏။
ထိုပုဂ္ဂိုလ် အလ္လာဟ် ဟို အရှင်မြတ် အမိန့်တော် ခံယူသွားပြီးနောက် မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် ၎င်း၏ မေတ္တာရပ်ခံချက်အတိုင်း သိုလှောင်ထားသည့် စွန်ပလွန်သီး များ အားလုံးကို အလ္လာဟ် ဟို အရှင်မြတ်၏ လမ်းတော်တွင်၎င်းဖက်မှဆဒ်ကာအဖြင့် ပေးကမ်းလှူဒါန်း ပေးတော်မူလေ၏။သို့သော်စွန်ပလွန်သီးတစ်လုံးကျန် ရစ်ခဲ့လေသည်။
ကိုယ်တော်(ဆွ) အနေဖြင့် ကျန်ရစ်နေသည့် စွန်ပလွန် သီး တစ်လုံး အား မိမိလက်တော်ဖြင့်ကောက်ယူပြီး မိန့်တော် မူလေသည်။ (( အကယ်၍ ဤပုဂ္ဂိုလ် အနေဖြင့် မိမိ၏ ဘဝတွင် အသက်ရှင်သန် နေစဉ်မိမိလက်ဖြင့်ကျန်ရစ်နေ သည့် စွန်ပလွန် သီး တစ်လုံး အား အလ္လာဟ် ဟို အရှင်မြတ်၏လမ်းတော်တွင် ပေးကမ်းခဲ့မည်ဆိုလျှင် ၎င်းကွယ်လွန်ပြီးမှ ငါ၏လက်တော်ဖြင့်သိုလှောင်ထားသည့်စွန်ပလွန်သီးများအားလုံးကိုဆဒ်ကာပေးကမ်းခြင်းထက်ပိုပြီး ကောင်းမွန် လေ၏။))
ကြည့် - ဟဇရတ်အာယာသွလ်လ္လာဟ် ဆရက် အဗဒွလ်ဟိုစိုင်း ဒက်စ်သကေဗ်ရှီရာဇီး ရေးသားထားသည့် (သာစ်သန်ဟာယေ ဗရာကန်ဒေဟ် )
သင်ခန်းစာ - အထက်ပါအဖြစ်အပျက်လေးကိုကြည့်ပြီး ကျွန်တော်တို့ အားလုံး သည် မိမိအသက်ရှင်နေသည့် သက်တမ်း တလျှောက် တမ်းနိုင် သမျှ မိမိတို့ လက်များဖြင့် ကောင်းမှု ကိုသိုလ်များ ပွားများ သွားရမည် ဖြစ်ကြောင်း သင်ခန်းစာ ရာယူနိုင်ပေသည်။
==============
251 / End