အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် နယူးယောက်သို့ သွားရောက်စဉ် အမေရိကန်နိုင်ငံတွင် နေထိုင်သော အီရန်နိုင်ငံသားများ၏ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် ပါဝင်သူများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ၊ အမြင်များနှင့် အမျိုးမျိုးသောအခက်အခဲများနှင့် ပတ်သက်သည့် သဘောထားများကို တင်ပြခဲ့ကြပါတယ်။ ထို့အပြင် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ၎င်းတို့၏ မေးခွန်းများနှင့် တင်ပြခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ဖြေကြား ခဲ့ပါတယ်။
အီရန်သမ္မတ သည် ယခုတွေ့ဆုံမှုမတိုင်မီ အမေရိကန်သတင်းမီဒီယာများ၏ အယ်ဒီတာများ၊ အကြီးအကဲများနှင့် သတင်းထောက်များအပြင် အမေရိကန် Think Tank များမှ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အမြင်ရှုထောင့်ရှိသူများနှင့်လည်း တွေ့ဆုံကာ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment