အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဖာစ် သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ ကူဝိတ် နိုင်ငံ စစ် တပ်ဆိုင်ရာ တရားရုံးမှ အေမာမ်ဆွာဒစ် (အ.စ) အမည်ရှိ ရှီအာ မစ်ဂျစ်ဒ်အား အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်နေသူများ အား ဖမ်းမိ ထားကြောင်း ကြေညာ ခဲ့ပါတယ်။ ပြီးနောက်လာမည့် သြဂုတ်လ ၄ ရက်နေ့တွင် ၎င်းတို့နှင့်ပတ်သက်ပြီး ပထမဆုံး အကြိမ် စတင်စိစစ်မှု များ ကို ပြုလုပ်မည် ဖြစ်ပါတယ်။
၎င်းတရားခံများ အပေါ် တမက်သက်သက် လုပ်ကြံသတ် ဖြတ်မူ ၊ မစ်ဂျစ်ဒ် အား ပေါက်ကွဲ စေသည့် ပစ္စည်းများ သုံးစွဲ မှု ဖြင့် တရားစွဲ ထားကြောင်း သိရပါတယ်။
ကူဝိတ် ရှေ့ နေ ချုပ် ၏ ထုတ်ပြန်ကြေညာ ချက်အရာ မစ်ဂျစ်ဒ်အား အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်နေသူ များ အား တရားစွဲရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်း နှင့် ၎င်း တရားခံများ ကို ကြိုးမိန့် ပေးရန် တောင်းဆို လိုက်ပါတယ်။
ကူဝိတ်အစိုးရ အနေဖြင့် အေမာမ်ဆွာဒစ် (အ.စ) အမည်ရှိ ရှီအာ မစ်ဂျစ်ဒ်အား အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်နေသူများ အာယူဆရသူ ၂၉ ဦးအား ဖမ်းဆီး ထိန်းသိမ်းထားပါတယ် ။
ဒါအေရှ် (ခ) IS အစွန်းရောက် အကြမ်းဖက်သမား အဖွဲ့ ဝင် အကြမ်းဖက်သမား တစ်ဦး အနေဖြင့် အေမာမ်ဆွာဒစ် (အ.စ) အမည်ရှိ ရှီအာ မစ်ဂျစ်ဒ်အားပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ သောကြာနေ့ တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ထိုဗုံးဒဏ်ကြောင့် နမာဇ် ဝတ်ပြုသူ ၂၇ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက်၂၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
================
251 / End