၂၇ ဇူလိုင် ၂၀၁၅ - ၁၈:၄၂
ဒါအေရှ် (ခ) IS ဟာ မနုဿလူသားအားလုံး ၏ လုံခြုံမှု စွမ်းအား ကိုဆန်ကျင့်နေပါတယ်

အီရတ် နိုင်ငံ နဂျဖ်ဖေ အရှ်ရဖ် မြို့ တွင် သီတင်းသုံးနေထိုင်နေသည့် မရ်ဂျာယေ သက္က်လီးဒ် များမှ တစ်ပါး ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ဟကီးမ် မှ ဒါအေရှ် (ခ) IS ဟာ မနုဿလူသားအားလုံး ၏ လုံခြုံမှု စွမ်းအား ကိုဆန်ကျင့်နေကြောင်း အကြမ်းဖက် အစွန်းရောက် သူပုန်များ ကို ဇွဲထက်သန်စွာ သည့် ကြိုးစား အားထုတ်မှု ၊သည်းခံမှုဖြင့် တိုက်ခိုက်ရန် မေတ္တာ ရပ်ခံ မိန့်ကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ

ရစာ သတင်းဌာန၏ သတင်းအထောက်အထားအရ အီရတ် နိုင်ငံ နဂျဖ်ဖေ အရှ်ရဖ် မြို့ တွင် သီတင်းသုံးနေထိုင်နေသည့် မရ်ဂျာယေ သက္က်လီးဒ် များမှ တစ်ပါး ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် ဟကီးမ်၏ သားတော် ဟွဂ်ျဂျသွလ်အစ္စလာမ် ဆယက်ဒ် အဇက်ဒ် ဒီး(န) ဟကီးမ်အနေဖြင့် ကူဖါမြို့ တွင်ကျင်းပသည့် (၅) ကြိမ် မြောက် (ယဉ်ကျေးမှု ဆိုင်ရာ သံတမန် ကွန်ဖရင့်) တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ဟကီးမ် မ်   ၏ ကိုယ်စား တရားဟောကြားခဲ့ပြီး ဒါအေရှ် (ခ) IS ကိုတော်လှန်ရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် ဟကီးမ်အနေဖြင့် ဒါအေရှ် (ခ) IS အစွန်းရောက် သူပုန်များ ၏ အင်အား စွမ်းအား ကို ရပ်ထား ထိန်းထား နိုင်ရန် တစ်ခုတည်းသော လမ်းမှာ အရိုအသေ အလေးအစားထိုက်သည့် ရောင်ဇာတော် များကို ကာကွယ် ခုခံပေးရန်နှင့် အမှန်တရား အတွက် စတေးရာတွင် အအခက်အခဲ များ အပေါ် သည်းခံ ပေးခြင်း နှင့် ဇွဲထက်သန် စွာ ကြိုးပမ်း ရန် လို အပ်ကြောင်း မိန့်ကြားခဲ့ပါတယ် ။

ဒါအေရှ် (ခ) IS ဟာ မနုဿလူသားအားလုံး ၏ လုံခြုံမှု စွမ်းအား ကိုဆန်ကျင့်နေပြီး အရိုအသေ အလေးအစားထိုက်သည့် ရောင်ဇာတော် များကို ဖျက်စီးနေကြောင်း မိန့်ကြားခဲ့ပါတယ် ။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် ဟကီးမ် အနေဖြင့် ကူဖါမြို့ တွင်ကျင်းပသည့် (၅) ကြိမ် မြောက် (ယဉ်ကျေးမှု ဆိုင်ရာ သံတမန် ကွန်ဖရင့်) ဟာ လက်ရှိ ကျွန်ုပ်တို့ကို ရင်ဆိုင်နေရသည့် အခက်အခဲများ အန္တရာယ် များ နှင့်ပတ်သက်ပြီး သမိုင်းကို မဖြစ်မနေ ပြန်လည် လေ့လာ ဖို့ အခြေအနေ ကို ပို့နေပြီး ဘဝတည်ဆောက်ရာတွင် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံး တည်ဆောက်ဖို့ လမ်းပြပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် ဟကီးမ် မှ (ယဉ်ကျေးမှု ဆိုင်ရာ သံတမန် ကွန်ဖရင့်) ကျင်းပပေးမှု အတွက် ကျေးဇူးတင်စကား ဆိုပြီး ဤကွန်ဖရင့် ကို ကောင်းမွန် စွာ ကျင်းပနိုင်ရန် ပိုပိုပြီး ကြိုးပမ်း ရန် မေတ္တာ ရပ်ခံ ခဲ့ပါတယ် ။

ပြီးနောက် အီရတ် နိုင်ငံ ဟာ လက်ရှိ အချိန်မှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အေလ်မ် ၊ အီမာန် ၊ ဂျေဟာဒ် ၊ ဆွဗ်ရ် ၊ ဖေက်ရ် တို့ ၏ နေရာ ဖြစ်ကြောင်း နှင့် နိုင်ငံ အမြောက် အများတွင် ဤကဲ့သို့သော် နေအ်မသ်တော်များ မရှိကြောင်း ကိုလည်း ရှင်းပြ ဟောကြားခဲ့ပါတယ် ။

-------

251 /   End