၁၂ စက်တင်ဘာ ၂၀၁၅ - ၀၉:၂၁
ဘန်ကောက် ဗုံးခွဲမှု သံသယရှိသူ ဘင်္ဂလားဒေ့ရှ်မှ တရုတ်ကို ပြန်ထွက်ခွာ

ပြီးခဲ့တဲ့လက ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံ ဧရာဝဏ်နတ်ကွန်းနဲ့ ဆာထောင်းန်လှေဆိပ်အနီး ဗုံးပေါက်ကွဲမှုမှာ အဓိက ညွှန်ကြားသူအဖြစ် ထိုင်းရဲတပ်ဖွဲ့က သံသယထားတဲ့ အီဆန်း ခေါ် အာပူဒူချာဒါရ် အပူဒူလေဟ်မာန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီလို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့တဲ့လက ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံ ဧရာဝဏ်နတ်ကွန်းနဲ့ ဆာထောင်းန်လှေဆိပ်အနီး ဗုံးပေါက်ကွဲမှုမှာ

အဓိက ညွှန်ကြားသူအဖြစ် ထိုင်းရဲတပ်ဖွဲ့က သံသယထားတဲ့ အီဆန်း ခေါ် အာပူဒူချာဒါရ် အပူဒူလေဟ်မာန်ဟာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီလို့  သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

အီဆန်းဟာ သြဂုတ် ၁၆ ရက်နေ့ (ပေါက်ကွဲမှု မဖြစ်ပွားခင်တရက်အလို) က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကနေ

ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း PG 0089 နဲ့  ဒါကာမြို့ကို ရောက်ရှိပြီး သူတို့နိုင်ငံမှာ ၂ ပတ်ကြာနေထိုင်ခဲ့ကာ သြဂုတ်

၃၀ ရက်နေ့မှာ အိန္ဒိယလေကြောင်းလိုင်းနဲ့ တရုတ်ပြည်ကို ပြန်သွားကြောင်း ဘင်္ဂလားဒေ့ရှ်အမျိုးသား ရဲတပ်ဖွဲ့က

စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ် ။

သူဟာ တရုတ်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ၂ ပတ် နေထိုင်သွားတဲ့ ကာလအတွင်း

ဘယ်မှာတည်းခိုတယ်၊ ဘယ်သူတွေနဲ့ ဆက်သွယ်သလဲဆိုတာတော့ မသိရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ရဲ့

တောင်းဆိုမှုကြောင့် အခုလို ထုတ်ပြန်ပေးရတာလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘန်ကောက်ပေါက်ကွဲမှု အထူးစုံစမ်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ အမှုနဲ့ပတ်သက်တဲ့ သဲလွန်စတွေ

တောက်လျှောက် လိုက်လံရှာဖွေနေတာမှာ မသင်္ကာသူတွေရဲ့ ဘဏ်ငွေစာရင်းတွေပါ

စစ်ဆေးခဲ့ပါတယ်။ သူတို့ဟာ ဘန်ကောက်ဘဏ်ခွဲတခုရဲ့ စီစီကင်မရာကနေ အီဆန်နဲ့ 

မိုင်လိုင်လီ ယူဆူဖူ (ကမ္ဘောဒီးယားနယ်စပ်တွင်ဖမ်းမိသူ) တို့နှစ်ဦး ငွေလာထုတ်တဲ့

ပုံကို ရထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းအမျိုးသမီး ၀မ်းနား ဆွန်ဆန်ရဲ့ ခင်ပွန်းဖြစ်သူ

တူရကီနိုင်ငံသား အမ်မရာ ဒါဗူတူကလူ  ရဲ့ ဘဏ်စာအုပ်ထဲမှာ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း

တူရကီနိုင်ငံမှ ဘတ်ငွေ ၁ သိန်း ၅ သောင်းနဲ့ ၂ ကြိမ် စုစုပေါင်း ဘတ် ၃ သိန်း လွှဲထားပြီး 

တချို့ကို မင်ပူရီမြို့ရှိ မိုင်မူလာဂါးဒင်း တိုက်ခန်းငှားခ ပေးချေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို

ပါဘတ်ငွေ ၁ သိန်း လွှဲထားတယ်လို့ ပြောပါတယ်။

ဘယ်သူ့ဆီကို ဘာအတွက်နဲ့ လွှဲသလဲဆိုတဲ့ လမ်းကြောင်းတွေကိုတော့ ဆက်လက်

စုံစမ်းရဦးမယ်လို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒုရဲမှူးချုပ်

ကျရထိပ်ချိုင်းကျန်းဒါးက သတင်းထောက်တွေကို ပြောပါတယ်။

အထူးစုံစမ်းရေးအဖွဲ့က မိုင်လိုင်လီယူဆူဖူကို စစ်မေးစဉ်မှာ သူဟာ

ကမ္ဘောဒီးယားနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို ၆ ကြိမ် အ၀င်အထွက်လုပ်စဉ်

ဗီဇာအတွက် ထိုင်းလ၀ကရဲကို တကြိမ်လျှင် ဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ ထိ

ပေးရတယ်လို့ ထွက်ဆို ထားတဲ့အတွက် ပါဝင်ပတ်သက်သူတွေကို စုံစမ်းပြီး

ရာထူးအပြောင်းအရွှေ့လုပ်ရမယ်လို့ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ ဒုဝန်ကြီးချုပ်

ပရ၀စ် ၀ုန်းဆုဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် အခြားခရိုင်မှ လ၀ကရဲတပ်ဖွဲ့ဝင်တွေပါ လာဘ်ပေးလာပ်ယူမှုတွေ

တွေ့ရှိတယ်ဆိုရင် ထိထိရောက်ရောက်အရေးယူမယ်လို့ ဒုဝန်ကြီးက ပြောသွားပါတယ်။


-----------------------
251 / End