ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ အကြင် မည်သူမဆို ဒိုအာ တောင်းဆိုချိန် ဤဂုဏ်တော်အား အကြိမ်ပေါင်း (၇၀) ဖတ်ရွတ်မည် ဆိုရင်၎င်း၏ဒိုအာ ကို မြတ်အလ္လာဟ် လက်ခံတော်မူမည်ဖြစ်ပါတယ်။
၂။အလုပ်အကိုင် မှန်ကန်ရန်၊ အကျဉ်း ထောင်မှ လွတ် မြောက်ရန်၊ သောက၊ ဝမ်းနည်းခြင်းမှ လွတ် မြောက်ရန် ဤဂုဏ်တော်အား (၈၆) ကြိမ်ရွတ် ဆိုရ ပါမည်။
၃။မည်သူမဆို သောက၊ ဝမ်းနည်းစရာနှင့် တွေ့ကြုံ နေရချိန် တွင်၂ရကတ်သ် နမာဇ် ဝတ်ပြုရပါ မည်။ ပြီးနောက်အကြိမ်၇၀အတိ(ဗဒီးအွန်စ်စမာဝါသေဝလ်အရ်သွေ) (بدیع السماوات والارض) ကိုဖတ်ရွတ် ရပါ မည်။ ထိုနောက် (အလ်ဗဒီးအို) ဟုအကြိမ်(၁၀၀၀) ဖတ်ရပါမည်။ ပြီး နောက်ဆဒ်ကာ ပေးကမ်းရပါ မည်။ အင်ရှာအလ္လာဟ် အောင်မြင်မှုကိုရှရှိပါလိမ့်မည်။
***