အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပလီဝတ်ကျောင်းတော်၏ အရှေ့ဘက်ခြမ်း ပြုပြင်ဆဲကရိန်းတစ်ခု ခေါင်မိုးပေါ်သို့ပြုတ်ကျခဲ့ရာ အနည်းဆုံးလူ ၈၇ ဦးသေဆုံးခဲ့၍
၁၈၀ထက်မနည်းဒဏ်ရာရရှိခဲ့သည်။သေဆုံးသူများထဲတွင် အိန္ဒယနိုင်ငံသား ၉ ဦး၊ပါကစ္စတန်နိုင်ငံသား ၁၆ ဦး၊အီရန်နိုင်ငံသား
၁ ဦး၊ပါဝင်နေကြောင်း သတင်းဖေါ် ပြချက်များအရသိရပါသည်။ကျန်သေဆုံးသူများသည် မည်သည့်နိုင်ငံသားများ ဖြစ်သည်ကိုမသိရသေး ပေ။
ထိုသို့ကရိန်းပြိုကျရခြင်းမှာ မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြိုးပစ်ချခြင်းကြောင့် ဖြစ်သည်ဟုသိရပါ သည်။ဗီဒီယိုမှတ်တမ်း ဓါတ်ပုံများအရ
အခင်းဖြစ်ပွားရာနေရာတွင် ခေါင်မိုးပေါ်သို့ ပြုတ်ကျထားသော ကရိန်းကြောင့် သေဆုံးသွားသောသူများ၏ ရုပ်အလောင်း၊လွတ်ရာသို့
ထွက်ပြေးနေသော လူများအား ၀မ်းနည်းကြေကွယ်ဖွယ်တွေ့ရသည်။
မက္ကာမြို့တော်ဝန် Prince Khaled al-Faisal ကအခင်းဖြစ်ပွားရာ နေရာတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အခြေအနေအား
တစ်ပြေးညီဖေါ်ပြသွားမည်ဟု သူ၏ Twitter official @makkahregion page တွင်ဖေါ်ပြခဲ့သည်။
အခင်းဖြစ်ပွားရာပလီဝတ်ကျောင်းတော်သည် နှစ်စဉ် အစ္စလာမ်ဘာသာဝင်တို့ စုပေါင်း၍လှည့် လည် ဘုရားဖူးရာနေရာလည်း ဖြစ်ပါသည်။
နောင်လာမည့်နှစ်များတွင် လူဦးရေ တိုးချဲ့၍ ဘုရားဝတ်ပြုနိုင်ရန်အတွက် ဆောက်လုပ်ရေး၊ လုပ်ငန်းများ၊ ဆောင်ရွက်နေစဉ် လေပြင်းများတိုက်ခတ်၍
ကရိန်းပြုတ်ကျရာမှ ဤကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။
---------------------------------------
251 / End










