၂၈ စက်တင်ဘာ ၂၀၁၅ - ၀၆:၃၃
မင်္ဂလာတောင်ညွန့်တွင် ဆိုက်ကားအစီးရေ နှစ်ရာကျော်ဖြင့် ဒီချုပ်အမတ်လောင်းများ မဲဆွယ်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဆိုက်ကားအစီးရေ ၂၀၀ ကျော်အသုံးပြု၍ မဲဆွယ်စည်းရုံးရေးလုပ်ကိုင်နေသည်ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် ဆိုက်ကားအစီး ရေ နှစ်ရာကျော်အသုံးပြု၍ မဲဆွယ်စည်းရုံးခဲ့ကြောင်း သတင်း ရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် ဆိုက်ကားအစီး ရေ နှစ်ရာကျော်အသုံးပြု၍ မဲဆွယ်စည်းရုံးခဲ့ကြောင်း သတင်း ရရှိသည်။

ဒီချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူ သင်းအပါအ၀င် ကိုယ်စားလှယ် လောင်းများသည် မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ရပ်ကွက်များသို့ဆိုက်ကားအစီးရေနှစ်ရာကျော်ဖြင့် လှည့်လည်မဲဆွယ်မှုကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီမှစတင်ခဲ့ကာ ညနေ ၅ နာရီ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းမဲဆွယ်စည်းရုံးမှုတွင် မင်္ဂလာတောင်ညွန်မြို့နယ်အ တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ ပါဝင်ခဲ့ပြီး ဖဆပလ၊ သိမ်ဖြူ၊ သပြေကုန်း၊ ရေတွင်းကုန်းစသော ရပ်ကွက် များသို့ သွားရောက်မဲဆွယ်ခဲ့ခြင်းဖြစ်သည်။


 စက်တင်ဘာ ၈ ရက်မှ စ တင်ကာ ရွေးကောက်ပွဲမတိုင်မီ အထိ ရက်ပေါင်း ၆၀ ကို မဲဆွယ် စည်းရုံးရေးကာလအဖြစ် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က သတ်မှတ်ပေးထားပြီး နိုင်ငံရေးပါတီများ အပြိုင်အဆိုင်မဲ ဆွယ်မှုများ ပြုလုပ်နေကြသည်။

လာမည့်နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


---------------------------------------
251 / End