၂၉ စက်တင်ဘာ ၂၀၁၅ - ၀၃:၅၅
((မိုသကဗ်ဗေရွန်(န))) متکبّرٌ ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း

ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။

((မိုသကဗ်ဗေရွန်(န))) متکبّرٌ
ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - ဘုန်းတန်ခိုး(ကြီးမား) သည့် အရှင် ၊ ကြီးကျယ်မြင့်မြတ်တော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း -  ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင်မည်သူမဆို ဤဂုဏ်တော်အား ညှဉ်းပန်း နှိပ်စက်သူ ၊ ရက်စက်သူ ရှေ့ တွင် ဖတ်ရွတ်တော်
 မူမည် ဆိုလျှင် ထိုသူ ညှဉ်းပန်း နှိပ်စက် သူ၊ရက်စက် သူသည် သိက္ခာမဲ့သူဖြစ်လတ္တံ ။
၂။ တစ်ဦးဦး တစ်ယောက်ယောက် ကို ကြောက် သည့် စိတ် ၊၎င်း အန္တရာယ် ပြုမည်ဆိုသည့် စိတ် မှ
လွတ်မြောက်ရန် (ယာမိုသကဗ်ဗေရို )ဆိုသည့် ဂုဏ် တော် အား ၆၆၂ ကြိမ် ဖတ်ရွတ်ရပါမည် ။
၃။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။မည်သူ မဆို မိမိ၏ တရားဝင်ဇနီးမယား နှင့် လိင်ဆက်ဆံမှု
 မပြုမည်အရင် (အလ် မိုသကဗ်ဗေရို )ဆိုသည့် ဂုဏ် တော်အား ၁၀ ကြိမ်ဖတ်ရွတ် ဆိုလျှင်
 မြတ်အလ္လာဟ် သည် ၎င်းဖတ်ရွတ်သူအား ကောင်းမြတ် သည့် သား သမီး ရတနာ ပေးသနားတော်မူပေမည်။

***