၂၉ စက်တင်ဘာ ၂၀၁၅ - ၀၄:၂၄
ဂိုလန်ကုန်းမြင့်ဒေသရှိ ဆီးရီးယားစစ်တပ်ကို အစ္စရေး တိုက်ခိုက်

ဂိုလန်ကုန်းမြင့်ဒေသ အစ္စရေးနိုင်ငံနှင့်နယ်စပ် ဆီးရီးယားဘက်ခြမ်း ဂျူဘာတာအယ်လ်ကာရှက်ဘ်ကျေးရွာမှ မီးခိုးလုံးများ တက်လာသည်ကို တွေ့ရစဉ် အစ္စရေးအစိုးရသည် ဂိုလန်ကုန်းမြင့်ဒေသရှိ ဆီးရီး ယားစစ်တပ် ပစ်မှတ်များကို စက်တင်ဘာ ၂၇ ရက်က ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု နှစ်ဖက်သ တင်းရင်းမြစ်များက ပြောသည်။ ဆီးရီးယားစစ်ပွဲဘက်မှ နယ် စပ်ဖြတ်ကျော်၍ ဒုံးကျည်ကျ ရောက်မှုကို အစ္စရေးက လက်တုံ့ ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဂိုလန်ကုန်းမြင့်ဒေသ အစ္စရေးနိုင်ငံနှင့်နယ်စပ် ဆီးရီးယားဘက်ခြမ်း ဂျူဘာတာအယ်လ်ကာရှက်ဘ်ကျေးရွာမှ မီးခိုးလုံးများ တက်လာသည်ကို တွေ့ရစဉ်

အစ္စရေးအစိုးရသည် ဂိုလန်ကုန်းမြင့်ဒေသရှိ ဆီးရီး ယားစစ်တပ် ပစ်မှတ်များကို စက်တင်ဘာ ၂၇ ရက်က ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု နှစ်ဖက်သ တင်းရင်းမြစ်များက ပြောသည်။

ဆီးရီးယားစစ်ပွဲဘက်မှ နယ် စပ်ဖြတ်ကျော်၍ ဒုံးကျည်ကျ ရောက်မှုကို အစ္စရေးက လက်တုံ့ ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။

အစ္စရေးလေယာဉ်များသည် အစ္စရေးပိုင် ဂိုလန်ကုန်းမြင့်ဒေသ ဘက်ခြမ်းအနီးရှိ ဆီးရီးယားစစ် တပ် ပစ်မှတ်များကို အနည်းဆုံး တိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့ သည်ဟု ဆီးရီးယားတောင်ပိုင်းရှိ သူပုန်ရင်းမြစ်များနှင့် ဗြိတိန်နိုင်ငံ အခြေစိုက်စောင့်ကြည့်အဖွဲ့ တစ် ဖွဲ့က ပြောသည်။

 ဆီးရီးယားစစ်စခန်းနှစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးစစ်တပ်က အ တည်ပြုခဲ့သော်လည်း လေကြောင်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆီးရီးယား ဂိုလန်ကုန်းမြင့်  ကန်နေးထရာဒေသ၌ အစိုးရတပ် ဖွဲ့ဝင်များနှင့် သူပုန်များအကြား တိုက်ခိုက်မှုများမှာ ပြီးခဲ့သည့်ရက် များတွင် အရှိန်မြင့်လာခဲ့သည်။

---------------------------------------
251 / End