၃၀ အောက်တိုဘာ ၂၀၁၅ - ၁၈:၃၀
အမေရိကန် ဟာ လူလိမ် ၊ကတိမတည်သူ ဖြစ်ပါတယ်

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အကျော်အမော် သာသနာ့ ပညာရှင် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ အနေဖြင့် အီရန် နျူကလီးယား အစီအစဉ် တွင် ရဲဟ်ဗရ်ရေ အင်ကေလာဗ် ၏ လမ်းကြောင်း ဟာ အီရန်လူမျိုး အားလုံး၏ လမ်းကြောင်း ဖြစ်ကြောင်း အမေရိကန် ဟာ လူလိမ် ၊ကတိမတည်သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရစာ သတင်းအထောက်အထား အရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အကျော်အမော် သာသနာ့ ပညာရှင် လည်း ဖြစ် ၊ တီဟီရန် မြို့၏ အေမာမ်မေ ဂျွန်မာ လည်း ဖြစ်သည့် အာယာ သွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ မှ ပြီးခဲ့သည့် ည က တီဟီရန် နိုင်ငံ ဒေါင်လသ်အာဗါဒ် ရှိအေမာမ် ဟစန် နေ မိုဂ်ျသဗာ (အ.စ) မစ်ဂျစ်ဒ် တွင်ကျင်းပသည့် မဂျလစ် တွင် တရားရေအေးတိုက် ကျွေးရင် အီရန် နျူကလီးယား အစီအစဉ် တွင် ရဲဟ်ဗရ်ရေ အင်ကေလာဗ် ၏ လမ်းကြောင်း ဟာ အီရန်လူမျိုး အားလုံး၏ လမ်းကြောင်း ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး အီရန်သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ အမည်နှင့် ရဲဟ်ဗရ်ရေ အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက် အလီခါမေနာအီ မှ ပို့ခဲ့သည် စာသည် သမိုင်းဝင် စာ ဖြစ်ပြီး ပြည့်စုံ သည့် စာ ဖြစ်ကြောင်းအီရန် နျူကလီးယား အစီအစဉ် နှင့် ပတ်သတ်သည့် ကိစ္စ ကို အဆုံးသတ်ပေးထားသည့် စာဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

တီဟီရန် မြို့၏ အေမာမ်မေ ဂျွန်မာ အနေဖြင့် ဆက်လက်ပြီး အီရန်သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ အမည်နှင့် ရဲဟ်ဗရ်ရေ အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီခါမေနာအီ မှ ပို့ခဲ့သည် စာပိုဒ်စာသားများတွင် ဟိုစိန်နီ နှင့် အစ္စလာမ့် တော်လှန်ရေး အတွေးအခေါ် ၏ အသက် ဝင် နေကြောင်း ၊ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ အနေဖြင့် မိမိ လမ်းကြောင်း ပေါ်တွင် ရပ်တည်နေသည့် ကိုထုတ်ဖော် နေကြောင်း ဟောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ မှ ဤစာ တွင် အမေရိကန် ကိုမုန်းတီးရွံ့ ရှာမှု ကို အရေးကြီး ပွိုင့် အဖြစ် ဖော်ပြထားကြောင်း နှင့် အမေရိကန် ဟာ လူလိမ် ၊ကတိမတည်သူ ဖြစ်ကြောင်း ကိုတင်ပြထားကြောင်း ၊ အေမာမ်ခိုမေနီ (ရ.ဟ) ကဲ့သို့ ရဲဟ်ဗရ်ရေ အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီခါမေနာအီ မှ လည်း အမေရိကန် ကို အကြီးဆုံး ရှိုင်တွာန် အဖြစ် သတ်မှတ်ထားကြောင်း ဟောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အနေဖြင့် အစ္စရေး နှင့်ပါလက်စတိုင်း ကိစ္စ ကိုလည်း ပြောကြားရင် အစ္စရေး လက်အောက် ရောက်နေသည့် ပါလက်စတိုင်းနယ်မြေများ ကို လည်း ပြန်လည် ရရှိဖို့ ကိစ္စ ကိုလည်း ဟော ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆော်ဒီ နိုင်ငံတွင် ဟဂ်ျအချိန် မီနာ တွင် ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုး အကြောင်းကို ဟောကြားရင်း ဆော်ဒီ အစိုးရ ၏ မေ့လျော့ပေါ့ပျက်မှု ကြောင့် ဖြစ်ခဲ့ရကြောင်း ဤဖြစ်ရပ်ဆိုး အတွက် ဆော်ဒီ အစိုး ရ ဟာတရားခံ ဖြစ်ပြီး ၊ ၎င်း ကို ကမ္ဘာ တရား ခုံရုံးသို့ တင်ပြီး စစ်ဆေး မှု ပြု ရမည် ဟု ဟောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ မှ ဟဂ်ျအချိန် မီနာ တွင် ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုး အား စိစစ် ဖို့ ဆော်ဒီ မပါဝင်သသည့် ကော်မတီ တစ်ခု ဖွဲ့စည်း ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

မီနာ အဖြစ်ဆိုး ၏ အကြောင်းခံ များကို သိရှိဖို့ လိုအပ် အရေးကြီးကြောင်း၊ ဆော်ဒီ အစိုးရ အနေဖြင့် ဟဂ်ျ အတွက် အစီအစဉ် ကို စီစဉ်ပေးဖို့ စွမ်းအား မရှိ တော့ကြောင်း ဤ ကိစ္စ အတွက် မွတ်စလင်မ် နိုင်ငံများ နှင့် အစ္စလာမ့်ကမ္ဘာ ကို လက်ပြောင်း ပေးသင့် ကြောင်း ဟောကြားးခဲ့ပါတယ်။

အေမာမ်ဟိုစိန် (အ.စ) နှင့် ကိုယ်တော် ၏ သာဝကတော်များရှိ ဂုဏ်အရည်အသွေး လက္ခဏာ များ မီးမောင်းထိုးတင်ပြခဲ့ပါတယ်။ ကျနော်တို့ အားလုံးကိုလည်း အမြဲတမ်း ကရ်ဗလာ သူရဲကောင်းများ ၏ဆိုဆုံးမ ကို လက်တွေ့ အကောင်အထည် ဖော်ရန် အာရှုရာအီ ဘဝတည်ဆောင်ရန် မိန့်ကြားခဲ့ပါတယ်။

======================

251 / End