၁။ ခွမ်းစ်ထုတ်ရန် ဝါဂျစ်ဗ် ထိုက်နေသည့် ငွေ ဖြင့် ခွမ်းစ်မထုတ်သေးပဲ အဇါဒါရီ ပြုလုပ်ခြင်း
(ဟရာမ်ငွေ ၊အတိုးချေးရသည့်ငွေ များနှင့်အဇါဒါရီ ပြုမည်ဆိုလျင် စဝါးဗ်မရပဲ အဇါးဗ်သာ ရမည်ဖြစ်ပါတယ်။ )
၂။ အိုလမာ (တရားဝင်သာသနာ့ ပညာရှင်များ ) ကို ဘေးဖယ်ထားပြီး သာသနာ့ပညာ နည်းသူများ ကို ဦးစားပေးကာ မင်ဗဲရ် ပေါ်တက်စေခြင်း ၊တရားဟောစေခြင်း
၃။ မဂျလစ် တွင် နားထောင်သူ တက်ရောက်လာသူများ၏ စာရိတ္တကို ကောင်းသည် ထက်ကောင်းစေသည့် အကြောင်းအရာများ မပါသည့် တရားများ (ဝါဇ်များ ) ကို ဟောကြားခြင်း
၎ ။ဝါဂျစ်ဗ် အလုပ်များ ကို ထိခိုက်စေမည့် မွတ်စ်စဟဗ် အလုပ်များကို အလေးပေးခြင်း (ဥပမာ မာတမ် လုပ်နေ၍ (သို့) နောင်ဟာ ဖတ်နေ၍ နမာဇ် ကာဇာဖြစ်သွားခြင်း )
၅ ။ အဇါခါနာ (သို့) အေမာမ်ဘာရာ တွင် မဂျလစ် ကျင်းပစဉ် ဟေဂျာဗ် နှင့် မဲဟ်ရာမ်နာမဲဟ်ရာမ် နှင့်ပတ်သက်ပြီး ဂရုမပြု ခြင်း အလေးမထားခြင်း
၆။ မဂျလစ်မှ ရရှိလာသည့်သဗာရွခ်က် (ဖာတေဟာပစ္စည်းများ)ကို အလကား ဖြစ်အောင် ပြုခြင်း ၊ ပုတ်သွားသိုးသွားအောင်ထားခြင်း (မစားနိုင်ပဲ (သို့) မစားပဲလောဘတက်ပြီး ယူခြင်း )
၇ ။ အဇါန်အချိန် (သို့) အောင်ဝဲလ်လေ ဝက်သ်နမာဇ် အချိန် တွင် မဂျလစ် ကို ပြုလုပ်ခြင်း
၈ ။(ရှရီအသ်အမြင်အရ) သွေးစည်းမှုကို ပျက်စေသည့် တရား အငြိုးအတေး နှင့်အစွန်းရောက်မှုကိုဖြစ်စေသည့်တရားများ ၊ပြဿနာ ကိုဖြစ်သည့်တရားများ ကို ဟောကြားခြင်း
=================
251 / End