အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို (ဓာတ်ပုံ − အေအက်ဖ်ပီ)
ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုအား စစ်ရာဇ ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် အ ပြစ်ကျူးလွန်မှုတို့ဖြင့် ဖမ်းဆီး တရားစွဲဆိုရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို နယူး ယောက်နှင့် ဂျီနီဗာအခြေစိုက် တရားမျှတမှုဆိုင်ရာ အဖွဲ့ကြီးနှစ် ဖွဲ့က နိုဝင်ဘာ ၅ ရက်တွင် ပူး ပေါင်းထုတ်ပြန်ခဲ့သည်။
ဒုဗိုလ်ချုပ်ကြီး ကိုကိုသည် နိုဝင်ဘာ ၆ ရက်က ဂျီနီဗာမြို့၌ ပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ပုံမှန် လူ့အခွင့်အရေးအခြေအနေ သုံး သပ်စစ်ဆေးကြားနာမှုအခမ်းအ နားသို့ တက်ရောက်မည်ဖြစ်၍ Global Justice Center (GJC) နှင့် Justice Trust တို့က တစ်ရက် ကြိုတင်ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ကြေညာချက် သည် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များ၏ ထောက်ခံချက်နှင့် မြန်မာနိုင်ငံမှ အရပ်ဘက်လူမှုအ ဖွဲ့အစည်း ၅၀၀ ကျော်၏ အသ နားခံလွှာတို့နှင့် ချိတ်ဆက်ထုတ် ပြန်လာခြင်းဖြစ်သည်။
ထို့အတူ ယခုအမှုစွဲဆိုနေ သည့် ၂၀၁၄ တွင် ဟားဗတ်တက္က သိုလ်၏ International Human Rights Clinic က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအပေါ် ထပ်ဆင့်လှုပ် ရှားမှုဖြစ်သည်။ ယင်းအစီရင်ခံစာ ၌ ၂၀၀၅မှ ၂၀၀၈အတွင်း တောင် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ် သော လက်ရှိပြည်ထဲရေးဝန်ကြီး သည် စစ်ရာဇ၀တ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ရှိ ကြောင်း၊ ကရင်တိုင်းရင်းသားများ ဒေသရှိ အရပ်သားများအပေါ်ရက် စက်သော စစ်ရေးပြစ်မှုများ ကျူး လွန်ရာတွင် အမိန့်ပေးသူအရာရှိ တစ်ဦးအဖြစ် ပါဝင်ခဲ့ကြောင်း အ ထင်အရှားသက်သေများတည်ရှိ ကြောင်း ဖော်ပြခဲ့သည်။
‘‘တိုင်းရင်းသားအမျိုးသမီး တွေနဲ့ မိန်းကလေးတွေအပါအ၀င် ရက်စက်ကြမ်းကြုတ်တဲ့စစ်ရာဇ ၀တ်မှုဒဏ်ခံ သားကောင်တွေ ဟာ သူတို့ရဲ့ ဘ၀သက်တမ်းမှာ တရားမျှတမှု ခံစားပိုင်ခွင့်ရှိတယ်’’ ဟု GJC ဥက္ကဋ္ဌ ဂျဲနက်ဘင်းရှုဖ်က ဆိုသည်။
အမှုစွဲဆိုမှုသည် ၂၀၁၂ မှ စ၍ ရဲတပ်ဖွဲ့က ကျူးလွန်ခဲ့သော စနစ်တကျလူ့အခွင့်အရေး ညှဉ်း ပန်းမှုအတွက်လည်း ပြည်ထဲရေး ၀န်ကြီးအဖြစ်တာဝန်ရှိကြောင်း စာရွက်စာတမ်း အထောက်အ ထားများကို သက်သေအဖြစ် ပြသခဲ့သည်။
‘‘ဒုဗိုလ်ချုပ်ကြီးကိုကိုရဲ့ ခေါင်းဆောင်မှုအောက်မှာ ရဲတပ် ဖွဲ့တွေက လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း ဆန္ဒပြဘုန်း တော်ကြီးတွေနဲ့ ရွာသွားတွေအ ပေါ် ဖော့စဖရပ် ဓာတုလက်နက် တွေနဲ့တိုက်ခိုက်တာ၊ ကျောင်း သားတွေကို ရက်ရက်စက်စက် ရိုက်နှက်ပြီး ထင်တိုင်းကြဲဖမ်းဆီး တာတွေ အပါအ၀င်ကျယ်ကျယ် ပြန့်ပြန့် တစ်သမတ်တည်း တရား ဥပဒေနဲ့မညီလုပ်ဆောင်မှုတွေ ပါ ၀င်လုပ်ဆောင်ခဲ့ပါတယ်’’ဟု Justice Trust အမှုဆောင် အရာရှိချုပ် ရော်ဂျာနော်မန်းက ဆိုသည်။
ဒုဗိုလ်ချုပ်ကြီး ကိုကိုသည် နိုဝင်ဘာ ၆ ရက် ဂျီနီဗာလူ့အခွင့် အရေးကောင်စီ ကြားနာစစ်ဆေး မှုသို့ ကုလသံတမန်တစ်ဦးအဖြစ် တက်ရောက်မည်ဖြစ်၍ ၎င်းကို ဖမ်းဆီးတရားစွဲမှု ပြုလုပ်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ သို့သော် ဆူဒန် နှင့် လစ်ဗျားတို့တွင် လူ့အခွင့်အ ရေး ချိုးဖောက်မှုများအတွက် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက အရေးယူရေး နိုင်ငံ တကာ ရာဇ၀တ်မှုခုံရုံး (ICC) က တိုက်တွန်းဆောင်ရွက်ခဲ့သကဲ့သို့ ပင် မြန်မာနိုင်ငံ၏ အခြေအနေကို လည်း လွှဲပြောင်းဆောင်ရွက်ခြင်း အပါအ၀င် ကမ္ဘာလုံးဆိုင်ရာနိုင်ငံ တကာဥပဒေအောက်တွင် တရား စွဲဆိုသည့်အခါ အခြေခံအကြောင်း များအဖြစ် အသုံးပြုနိုင်ကြောင်း ကြေညာချက်၌ ပါရှိသည်။
============================================
251 / End