၁၇ နိုဝင်ဘာ ၂၀၁၅ - ၂၀:၀၅
 အကူအညီပေးရေးသင်္ဘောကို တိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အပေါင်းအပါ ၆ ဦးကို စပိန်က ဖမ်းဝရမ်းထုတ်

၂၀၁၀ ခုနစ်က ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် သွားရောက်သည့် ပရဟိတအဖွဲ့များ လိုက်ပါစီးနင်းသော သင်္ဘောအုပ်စုကို အစ္စရေးကွန်မန်ဒိုများက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အပေါင်းအပါ ၆ ဦးအား စပိန်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



၂၀၁၀ ခုနစ်က ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် သွားရောက်သည့် ပရဟိတအဖွဲ့များ လိုက်ပါစီးနင်းသော သင်္ဘောအုပ်စုကို အစ္စရေးကွန်မန်ဒိုများက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အပေါင်းအပါ ၆ ဦးအား စပိန်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။

အခြား ၆ ဦးတွင် ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း အီဟွဒ်ဘာရက်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း အေဗစ်ဂ်ဒေါ်ရ် လီဘာမန်၊ မဟာဗျူဟာရေးရာ ၀န်ကြီးဟောင်း မိုရှေး ယာလွန်၊ ပြည်ထဲရေးဝန်ကြီးဟောင်း အီလီ ယီရှာအီ၊ လက်ရှိ ဌာနလက်မဲ့ ၀န်ကြီး ဘန်နီဘီဂင်နှင့် လက်ထောက် ရေတပ်ဗိုလ်မှူးချုပ် မာရွန် အီလီဇာတို့ ဖြစ်ကြသည်။

Latin American Herald Tribune သတင်းစာကမူ ၂၀၁၀ ခုနှစ်က Freedom Flotilla ဟုခေါ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် လာရောက်သည့် သင်္ဘောအုပ်စုကို အစ္စရေးက စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စပိန်အမျိုးသားတရားရုံးက ပြန်လည် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရားသူကြီး ဂျိုဆေး ဒီ လာ မာတာက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံအတွင်း ၀င်ရောက်လာပါက မိမိအား အကြောင်းကြားရန် ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များကို အမိန့်ပေးခဲ့သည်။

သင်္ဘော ၆ စီးပါဝင်သည့် အဆိုပါအုပ်စုမှာ လူပေါင်း ၅၀၀၊ အကူအညီများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဆောင်ကာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေကြသော ဂါဇာပြည်သူများအား ကူညီရန် လာရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၉ ဦး နေရာတွင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ရရှိသည့် ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝနကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နက်ခ်ျရှန်ကမူ စပိန်၏ ထိုလုပ်ရပ်မှာ မိမိတို့အား ရန်စခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ဖမ်းဝရမ်းအား ဖယ်ရှားရန်အတွက် စပိန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

Ref: Idependent


============================

251 / End