၁၁ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၃၇
   IS အကြမ်းဖက်အဖွဲ့ ၏ လက်နက်ကြီးများထားသည့် ဂိုဒေါင်အား အလ်ရမာဒီ တွင် သိမ်းရ + photos

အီရတ်တပ်မတော်မှ IS အကြမ်းဖက်အဖွဲ့ ၏ ကြောက်မက်ဖွယ် လက်နက်ကြီးများထားသည့် ဂိုဒေါင် အားဘဂ္ဂဒတ် မြို့ အနီး ရှိ အလ်ရမာဒီမြို့ ၏ အချို့ နေရာကို ပြန်လည် သိမ်းပိုက်ပြီး တွေ့ရှိ သိမ်း ယူခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အီရတ်တပ်မတော်မှ IS အကြမ်းဖက်အဖွဲ့ ၏ ကြောက်မက်ဖွယ် လက်နက်ကြီးများထားသည့် ဂိုဒေါင် အားဘဂ္ဂဒတ် မြို့ အနီး ရှိ အလ်ရမာဒီမြို့ ၏ အချို့ နေရာကို ပြန်လည် သိမ်းပိုက်ပြီး တွေ့ရှိ သိမ်း ယူခဲ့ပါတယ်။ လက်နက်များ မှာ လက်လုပ် ဒုံးကျည်များ ဖြစ်ပါတယ်။

IS အကြမ်းဖက်၊အစွန်းရောက် အဖွဲ့ ဟာ ဤ လက်လုပ် ဒုံးကျည်များ ကို ဂက်စ် ဓာတ်ငွေ့ များ ဖြင့် ပြုလုပ် ထားကြပါတယ်။ မြို့ တမြို့ လုံးဟာ သေနတ်သံများ ဖြင့်ဆူညံနေပါတယ်။ အီရတ်တပ်မ တော်မှ သိမ်းပိုက် နိုင်ပြီးနောက် သိမ်းလို့ရထားသည့် လက်နက်ကြီး ၊လက်လုပ်ဒုံးကျည် များ ကို ခင်းကျင်း ပြသထားပါတယ်။

ခန့်မှန်းခြေအားဖြင့် IS အင်အား ၃၀၀ ခန့် က အီရတ်တပ်မတော် အလ်ရမာဒီမြို့ အတွင်းမဝင် လာနိုင်အောင် ဖိုရာသ် မြစ်ဖက်ကနေ တက်လာပြီး တားဆီးမှု ကို ပြုကြပါတယ်။ဒါပေမဲ့ အလ်ရမာဒီမြို့ ၏ တနေရာအရောက်တွင် အီရတ် တပ်မတော်၏ ပိတ်မိခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

IS အကြမ်းဖက်၊အစွန်းရောက် အဖွဲ့ ဟာဤလ အစပိုင်း ကာလတွင် အလ်ရမာဒီမြို့ ကို တိုက်ခိုက်မှုများ စခဲ့ကြခြင်း ဖြစ်ပါတယ်။ ဤမြို့ရှိ အချက်အခြာ ကြသည့် တံတားများ အားလုံး ကို ဖျက်စီး ခဲ့ပါတယ်။

အီရတ်နိုင်ငံ အန်ပါရ်ပြည်နယ် စစ်ဆင်ရေး တပ်ဗိုလ်မှူးချုပ် အီစမာအီးလ် အလ်မိုဟ်လာဝီ အနေဖြင့်   IS အကြမ်းဖက်အဖွဲ့ ဟာ ကျနော်တို့ သူတို့ကို တားဆီး ပိတ်ပင်လို့ မရအောင် အချက်အချာ ကြသည့် တံတားကို ဖျက်စီးခဲ့တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရတ် စစ်တပ်ဆိုင်ရာ အန်ပါရ်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူမှ IS အကြမ်းဖက်အဖွဲ့ ဟာ တံတားကို ဖျက်စီးတဲ့အပြင်အဆောက် အဦးတွေကို ဖျက်စီးခြင်း ရေဒီယိုတာဝါ တိုင်တွေကို ဖျက်စီးခြင်းကိုလည်း IS က လုပ်ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီးပြောကြားသည်မှာ ကျနော်တို့ အရင်ကလည်း သူတို့ ဒါမျိုးတွေလုပ်ခဲ့တာ လက်တွေ့ မြင်ပြီးပြီဖြစ်ကြောင်း ၊ အကြမ်းဖက်အစွန်းရောက်တွေ ဟာ တံတား တွေကို သာဖျက်စီးတာ မဟုတ်ပဲ မြို့ တွင်းရှိ အဆောက်အဦးအမြောက်အများ ကိုလည်း ပြိုဖျက် ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် IS အကြမ်းဖက်၊အစွန်းရောက် အဖွဲ့ ဟာ အလ်ရမာဒီမြို့ ရှိ သူတို့မိသားစုကို ထွက်ဖို့ ဟိုင်သ် မြို့ သို့ ရွေ့ပြောင်း နိုင်ဖို့ နှစ်လ အရင် ကတည်း က စလှုပ်ရှားခဲ့ကြကြောင်း ပြောကြား ခဲ့ပါတယ်။

အန်ပါရ်ပြည်နယ် ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူမှ ဆက်လက်ပြီးပြောပါတယ်။ လက်ရှိ လက်တလော အခြေ အနေမှာ အန်ပါရ်ပြည်နယ် အနေဖြင့် IS အကြမ်းဖက်၊အစွန်းရောက် အဖွဲ့ ကိုတော်လှန် နေကြ ကြောင်း ၊ အလ်ရမာဒီမြို့နေ စွန်နီ လက်နက်ကိုင်တော်လှန်ရေး သမားများမှာ စစ်ရေး အခြေအနေကို တိုးတက်အောင် ပြုလုပ်ခဲ့ရာတွင် အရေးကြီး အကြောင်းခံ များ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရတ် တပ်မတော် အနေဖြင့် ဤ အပတ် အတွင်း အလ်ရမာဒီမြို့ အတွင်းထိ ဝင်ရောက် ခဲ့ကြပါ တယ်။ ပြီးနောက် ဤမြို့ မြောက်ပိုင်း ရှိ IS အကြမ်းဖက်အဖွဲ့ စုနေသည့်စခန်းတစ်ခု ကို သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။

===============================

251 / End