၁၁ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၃၉
    IS အကြမ်းဖက်အဖွဲ့ ဟာ ဆော်ဒီ မွေးထုတ်ထားပြီး အာလေ့ရစူလ် (အ.စ) မပါသည့် အစ္စလာမ်ဆိုင်ရာ တွေးခေါ်မှု ၏ ရလာဒ် ဖြစ်ပါတယ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မဇာဟေရီ အနေဖြင့် ကျမ်းတော် မြတ် ကုရ်အာန် တစ်ခု တည်း ကို ယူခြင်း (သို့ ) အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုသာ ယူခြင်းသည် လုံလောက် သည်ဟု ယုံကြည် ခြင်းဖြစ် အသိဥာဏ် တိမ်းစောင်းမှု နှင့် လမ်းလွဲလမ်းမှားဆိုသည့် ရလာဒ် ကို သာ ပေး ကြောင်း ဟောကြားခဲ့ပါတယ်။ အချို့ သူတွေဆို အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လက်လွတ် လိုက်သည့် အတွက် ရလာဒ် အဖြစ် ဗနီအဘာစ် ၊ဆော်ဒီ ၊ IS(ခ) ဒါအေရှ် ၊ အလ်ကိုင်ဒါဟ် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း မိန့် ကြားခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Rasa သတင်းဌာန ၏ သတင်းအရ ဟောင်ဇေ် အေလ်မီယေ အစ္စဖဟန် ၏ မိုဂ်ျသဟစ်ဒ် သင်တန်း ၏ အကျော်အမော် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မဇာဟေရီ အနေဖြင့် အစ္စဖဟန် မြို့ ရှိ ဟကီး အမည်ရှိ ဗလီ တွင် တစ်ပတ်တစ်ခါ တရား ပွဲတွင် အရ်ဗအီးနေ့ အေမာမ် ဟိုစိန်(အ.စ) အတွက်ကရ်ဗလာ သွားဇေရယာသ် ပြုကြသည့် မိုအ်မေနီ မိုအ်မေနသ် များအားလုံး ၏ လုံခြုံရေး အတွက် ဒိုအာ ပြုရင်း မိန့်ကြားခဲ့ပါတယ်။

အေမာမ်ဟိုစိန် (အ.စ) ၏ ကရ်ဗလာ နှင့် ရောင်ဇာတော်များ ၏ဇေယာရသ် ကို အလေးထားဂရုပြုဖို့ လိုကြောင်း ၊ရီဝါယသ်တော်တွင် အေမာမ်ဟိုစိန် (အ.စ) ၏ ကရ်ဗလာ မြေကြီး ဖြင့်ပြုလုပ်ထားသည့် စဂ်ျဒဂါ အပေါ် စဂ်ျဒါ ပြုလုပ်ဖို့ အထူးတိုက်တွန်း ထားကြောင်း ၊ သို့သော် ဝမ်းနည်းစွာ ယနေ့ ကျနော်တို့ အိမ်များတွင် ကရ်ဗလာ မြေကြီး နှင့်ပြုလုပ်ထားသည့် စဂ်ျဒဂါ ကိုအလေးထားအရို အသေ ပေးမှု နည်းလာကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်မှ ဆက်လက်ပြီး မိန့်ကြားပါတယ်။ အရ်ဗအီးကို ကျင်းပခြင်း ဆိုတာ ရှီအာ များဖြစ် ကြောင်းပြဆို သည့်အထူး အမှတ်   အသား ဖြစ်ကြောင်း၊ အစပထမကတည်းက အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက်ဇေယာရသ် သည် ရှီအာ များ အတွက် အထူးအစီအစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း ၊ ဗနီအဘာစ် ခေတ်၏ ပထမပိုင်း တွင်လည်း ဇေယာရသ် ကို ကြည့်နေခဲ့ကြကြောင်းနောက်ဆုံး ၎င်းတို့၏ ရန်သူ ဖြစ်တဲ့ ရှီအာများဟာ ပိုမိုခိုင်မာအားကောင်းလာတာကိုလည်းတွေရော အေမာမ် ဟိုစိန် (အ.စ) ၏ရောင်ဇာတော်ကို ပြိုဖျက် ခဲ့ကြောင်း၊ ရေတူးမြောင်းတွေ ဆောက်ခဲ့ကြောင်း ၊ မိန့်ကြားခဲ့ပါတယ်

ဒါပေမဲ့ ဒီလို လုပ်ခဲ့တာတောင် (မွတ်စလင်မ်)လူထု ကြီး အနေဖြင့် အေမာမ် ဟိုစိန် (အ.စ) ၏ ကဗဲရ် ရေ မိုဘာရတ် ကို ရှာတွေ့ အောင်မြင်ခဲ့ကြောင်း   အထိမ်းအမှတ် မပျောက်ပျက်သွား ခဲ့ကြောင်း (မွတ်စလင်မ်)လူထု ကြီး အနေဖြင့် အုပ်စုလိုက်အုပ်စုလိုက်၊အဖွဲ့လိုက်အဖွဲ့ ထပ်ပြီး ကရ်ဗလာ သို့ လာနေကြပြီး ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် အနေဖြင့် ဟောကြားခဲ့ပါတယ် ။ ယခုနှစ်တွင် အေမာမ်ဟိုစိန် (အ.စ) ဇေယာရသ် အတွက် ကရ်ဗလာသို့ သွားရောက်သူ ၂၇ သန်းခန့်ရှိကြောင်း ကရ်ဗလာဆိုတာ အချစ် မေတ္တာတရား အတွက် နူးညံ့သိမ်မွေ့ မှုနှင့်မေတ္တာတရားကို အားသန် စေသည့် ကွင်းပြင် ဖြစ်ကြောင်း ၊ရှီအာမွတ်စလင်မ်ဆိုတာ ဤအေမာမ် ဟိုစိန် (အ.စ) နှင့် အဇါဒါရီ ကြောင့် ရှင်သန် လျက် ရှိနေကြောင်း အကယ်၍ အေမာမ် ဟိုစိန် (အ.စ) သာ မရှိခဲ့လျှင် ရှီအာ မွတ်စလင်မ် ဆိုတာလည်း ရှိတော့မည်မဟုတ်ကြောင်း ၊ အလျင်အမြန် ကွယ်ပျောက် ပျက်စီး သွားမည် ဖြစ် ကြောင်း မိန့် ကြားခဲ့ ပါတယ်။

ဆက်လက်၍ အေမာမ် ဟိုစိန် (အ.စ) ၏ ရှဟာဒသ် ဖြစ်ပြီးနောက်ပိုင်း ဟဇရသ် ဇိုင်နပ်(စ.အ) ၏ ကြိုးပမ်း အားထုတ် အဆင်းရဲခံမှုသာ မရှိခဲ့လျှင် အစ္စလာမ် (အစစ်) ကုန် ဆုံးသွားဖြစ်ကြောင်း အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ပထမဆုံး အဇါဒါရီ ကို စတင်ပြုလုပ်ခဲ့ကြောင်း ဤ အဇါဒါရီ ဟာသမိုင်းတစ်ခုလုံးမှာ အလုပ်အရမ်းလုပ်သွားကြောင်း ရှီအာ မွတ်စလင်မ် တွေရှင်သန်နေမှု အတွက် အကြောင်းခံ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မဇာဟေရီ အနေဖြင့်ဆက်လက်ပြီး ဇေယာရသ် အရ်ဗအီး ဖတ်ရွတ်ခြင်း သည် ရှီအာများ၏ ဝိသေသ လက္ခဏာများ မှတစ်ခု ဖြစ်တာ ဟဒီးစ်တော် တွင်လာ ရှိကြောင်း ၊ အရ်ဗအီးဆိုတာ(အေမာမ် (အ.စ) ရှဟီးဒ် ဖြစ်တာ ) ရက်ပေါင်း၄၀ ပြည့်လို့ခေါ် တဲ့အကြောင်း ၊ဇေယာရသ် အာရှုရာ ဖတ်ရွတ်ခြင်း ၊    ဇေယာရသ် ဂျအ်မေအေကဘီးရ် ဖတ်ရွတ်ခြင်း သည် လည်း ရှီအာများ၏ ဝိသေသ လက္ခဏာများမှ ဖြစ်ကြောင်း၊ ထို့နည်းတူစွာ ရှိက်္ခအဘာစ်ကွမ်းမီ ရေးသားထား သည့် မဖာသီးဟို ဂျေနန် တွင် လည်း ရှီအာများ၏ ဝိသေသ လက္ခဏာများ တင်ပြထားကြောင်း ဟောပြောခဲ့ပါတယ်။

အာယာသွလ္လာဟ် မှထပ်၍ ဟဒီးစ်စေ စကိုင်းလိုင်းကိုဖတ်ရွတ်ခဲ့ပါတယ်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အတူ တွဲပြီး လက်ကိုင်ထားဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

ဝမ်းနည်းလေစွ ၊ ကျနော်တို့ တတွေဟာ လက်တွေ့ အား ဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကျေနပ်နှစ်မြို့ မှု ကို မဆွတ်ခူး နိုင်ကြသေးကြောင်း ၊ ကျနော်တို့အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် တစ်ခုတည်း (သို့မဟုတ်) အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုသာလျှင် မဆုပ်ကိုင်ထားဖို့ သတိဂရုပြုရ မည် ဖြစ်ကြောင်း ၊ကျမ်းတော်မြတ် ကုရ်အာန် ကိုသာ လက်ကိုင်ထားပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လက်လွတ် လိုက်သည့် အတွက် ရလာဒ် အဖြစ် ဗနီအဘာစ် ၊ဆော်ဒီ ၊ IS(ခ) ဒါအေရှ် ၊ အလ်ကိုင်ဒါဟ် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း မိန့် ကြားခဲ့ ပါတယ်။

===============================

251 / End