၁၄ ဒီဇင်ဘာ ၂၀၁၅ - ၁၁:၃၅
News ID: 724832
အဗ္နာ။ ။ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့အသရေဖျက်မှု ပုဒ်မ ၅၀၀ဖြင့် တရားစွဲဖမ်းဆီးခံထားရသူ မချောစန္ဒီထွန်းကို ဒီဇင် ဘာလ ၁၄ရက်နေ့ရုံးချိန်းမှာ ရုံးထုတ်စစ်ဆေးခဲ့ရာ မအူပင်မြို့နယ်တရားသူကြီးက အသရေဖျက်မှုပုဒ်မ ၅၀၀ဖြင့်စွဲဆို ခံထားရတဲ့ အမှုကို တရားရှင် လွှတ်ပေးခဲ့ပေမယ့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားတဲ့ အမှုကိုတော့ စွဲချက် တင်လိုက်ပါတယ်။ အမှုနဲ့ပတ်သတ်ပြီးမျေချာစန္ဒီထွန်းက ၄င်းတွင်အပြစ်မရှိကြောင်း တရားရုံးမှာထွက်ဆိုခဲ့သလို ရုံးချိန်းအပြီး မီဒီယာတွေကို ပြောကြားရာမှာလည်း ၄င်းတွင်အပြစ်မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။