အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြရင်း ကျည်ဆန်ထိမှန်သေဆုံးခဲ့သူ တောင်သူဒေါ်ခင်ဝင်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ကြသည်။ (ဓာတ်ပုံ − မျိုးမင်းဦး)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သော တောင်သူဒေါ်ခင်ဝင်းကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာရှိဒေါ်ခင်ဝင်းနေအိမ်တွင် ဒီဇင်ဘာ၂၂ ရက် နံနက်က ကျင်းပခဲ့သည်။
‘‘လူဆိုတာ သေမျိုးချည်းပါ ပဲ။ လက်ပံတောင်းတောင်ဒေသ လယ်ယာမြေကို ကာကွယ်ရင်း ဒေါ်ခင်ဝင်းအသက်ပေးသွားတာ ဂုဏ်ယူရမှာပေါ့’’ဟု မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်း၏ မောင်ဖြစ်သူက ပြောသည်။
လက်ပံတောင်းဒေသခံ တောင်သူ ဒေါ်ခင်ဝင်း၏ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ လက်ပံတောင်းတောင်အကျိုးစီးပွားကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ တောင်သူလယ်သမားအဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများတက်ရောက်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့အစည်းများမှ ဒေါ် ခင်ဝင်းတစ်နှစ်ပြည့်အောက်မေ့ ဖွယ် အမှတ်တရစကားပြောကြား ခြင်း၊ ၀မ်းနည်းကြောင်း သ၀ဏ် လွှာပေးပို့ခြင်းနှင့် အမှတ်တရ ကဗျာများရွတ်ဖတ်ခြင်းတို့ ပြုလုပ် ခဲ့သည်။
လိပ်ခွံတောင်အနီး ဒေါ်ခင် ၀င်းသေဆုံးခဲ့သည့်နေရာနှင့် မိုး ကြိုးပြင်အလယ်ရွာ သုသာန်ရှိ ဒေါ်ခင်ဝင်း၏ အုတ်ဂူရှိရာသို့ လာရောက်သူများက သွားရောက်ဂါရ၀ပြုခဲ့ကြပြီး လမ်းတစ်လျှောက် တွင် ‘‘လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ သိမ်းဆည်းမြေယာပြန်ရရေး၊ ဦးပိုင်ဝမ် ပေါင်အလိုမရှိ’’စသည့် ကြွေးကြော်သံများကို ဒေသခံများကကြွေးကြော်ခဲ့ကြသည်။
လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနယ်မြေအတွင်း လိပ်ခွံ တောင်အနီးတွင် ၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်က ဒေသခံတောင်သူများ နှင့် လုံခြုံရေးအဖွဲ့တို့ ပဋိပက္ခဖြစ်ပွားခဲ့ရာမှ တောင်သူဒေါ်ခင်ဝင်းသည် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
=======================
251 / End