အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မှန်ကန် သည့် သတင်းအထောက်အထားအရ ရှဟီးဒ် ရှိက်္ခနေမေရ် ၏ ညီ မိုဟမ္မဒ် နေမေရ် မှတဆင့် ဆော်ဒီ အာဏာပိုင်များ ဘက်မှ သေဒဏ်ကျ ကွက်မျက်ခံ ခဲ့ရသူများ ၏ မယသ်(ရုပ်အလောင်း) ကို မွတ်စလင်မ် သုသာန်တွင် ဒဖ်နာ ပေးပြီး ဖြစ်ကြောင်း ၎င်းတို့၏ ဆိုင်ရာဆိုင်ရာ မိသားစု များ ကို ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ သည်ဟု သိရှိ ခဲ့ရပါတယ်။
ဆော်ဒီ ပြည်ထဲရေး ဝန်ကြီး ဌာန မှ စနေနေ့ တွင် အစီရင်ခံစာ တစ်ခု ကိုထုတ်ပြန် ခဲ့ပါတယ်။ ထိုအစီရင်ခံစာ တွင် ၄၇ ဦးကို သေဒဏ်ပေး ကွပ်မျက် ခဲ့ကြောင်း ၊ ၎င်း ၄၇ ဦးတွင် ဆော်ဒီ မွတ်စလင်မ် များ ၏ ခေါင်းဆောင် ရှိက်္ခနေမေရ် လည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဆော်ဒီ မွတ်စလင်မ် များ ၏ ခေါင်းဆောင် ရှိက်္ခနေမေရ် သည် အရေးကြီး နိုင်ငံ ရေး အကျည်းသား တစ်ဦး ဖြစ် ပြီး ဆော်ဒီလက်ရှိ အစိုးရ ကို ဝေဖန် ထောက်ပြသည့် အတွက်ကြောင့် ပြီးခဲ့သည့် နှစ် ဆောင်းရာ သီ အချိန်တွင် ဆော်ဒီ တရားရုံး တစ်ခု မှ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ၎င်း သေဒဏ် အတွက် ကမ္ဘာ အဝန်း ရှိ အဖွဲ့အစည်းများ မှ အပြင်းအထန် ကန့်ကွက် ဆန္ဒပြုမှု များ လုပ်ခဲ့ကြပါတယ်။
ဤအတောအတွင်း ဆော်ဒီ နိုင်ငံ ၏ နေရာ အနှံ အပြား အထူးသဖြင့် ရှီအာအများစု ရှိသည့် ဆော်ဒီ အရှေ့ ပိုင်း ဒေသ တွင် ဆော်ဒီ အစိုးရမှ ပြင်းထန်သည့် သတိပေးချက်များ ၊လုံခြုံရေး စစ်တပ်များ ချထားခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဤကဲ့သို့ အတားအဆီးများ အကြား ဆော်ဒီပြည်သူ လူထု မှ ရှဟီးဒ် ရှိက်္ခနေမေရ် ကို ကွပ်မျက်မှု အတွက် သပိတ်မှောက်ဆန္ဒပြ ခဲ့ကြပြီး ဆော်ဒီ အာဏာ ပိုင်များ ဤ လူမဆန်သည့် လုပ်ရပ်ကို အပြင်းအထန် ဝေဖန် ရှုံ့ချ ခဲ့ပါတယ်။
==========================
251/End