၄ ဇန်နဝါရီ ၂၀၁၆ - ၁၉:၅၂
ဇန်နဝါရီ ၁ ရက်မှစတင်၍ နိုင်ငံခြားသားများကို မန္တလေးတောင်တော်ဝင်ကြေး ကျပ် ၁,၀၀၀ ကောက်ခံ

မန္တလေးတောင်ပေါ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံ ခြားသားများကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ မန္တလေးတောင်တော် ဝင်ကြေး တစ်ဦးလျှင် ကျပ် ၁,၀၀၀ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။ မန္တလေးတောင်တော်ဝင် ကြေးကို အလှူခံဖြတ်ပိုင်းဖြင့် တစ်ဦးလျှင် ကျပ် ၁,၀၀၀ နှုန်း မန္တလေးတောင်တော် ဂေါပက အဖွဲ့က ကောက်ခံခြင်းဖြစ်သည်။ ‘‘မန္တလေးတောင်တော်ပေါ် တစ်နေ့ နိုင်ငံခြားသားအရေအ တွက် ဘယ်လောက်ဝင်တယ်ဆို တာ စာရင်းမရှိဘူး။ အဲဒါကြောင့် ဝင်ကြေးအဖြစ် တစ်ယောက် ၁,၀၀၀ ကောက်ပြီး ညနေစာရင်း ကြည့်လို့ တစ်သောင်းရတဲ့အခါ ဒီနေ့ ၁၀ ယောက်ဝင်တယ်ဆိုတာ သိတာပေါ့။ အဲဒါကြောင့် အုပ်ချုပ်ရေးပိုင်းကို တင်ပြပြီး အခုလို ကောက်ခံတာဖြစ်ပါတယ်’’ဟု ဂေါပကအဖွဲ့ဝင်ဦးဆွေသန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 မန္တလေးတောင်ပေါ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံ ခြားသားများကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ မန္တလေးတောင်တော် ဝင်ကြေး တစ်ဦးလျှင် ကျပ် ၁,၀၀၀ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတောင်တော်ဝင် ကြေးကို အလှူခံဖြတ်ပိုင်းဖြင့် တစ်ဦးလျှင်    ကျပ် ၁,၀၀၀ နှုန်း မန္တလေးတောင်တော်   ဂေါပက အဖွဲ့က ကောက်ခံခြင်းဖြစ်သည်။

‘‘မန္တလေးတောင်တော်ပေါ် တစ်နေ့ နိုင်ငံခြားသားအရေအ တွက် ဘယ်လောက်ဝင်တယ်ဆို တာ စာရင်းမရှိဘူး။ အဲဒါကြောင့် ဝင်ကြေးအဖြစ် တစ်ယောက် ၁,၀၀၀ ကောက်ပြီး ညနေစာရင်း ကြည့်လို့ တစ်သောင်းရတဲ့အခါ ဒီနေ့ ၁၀ ယောက်ဝင်တယ်ဆိုတာ သိတာပေါ့။ အဲဒါကြောင့် အုပ်ချုပ်ရေးပိုင်းကို တင်ပြပြီး အခုလို ကောက်ခံတာဖြစ်ပါတယ်’’ဟု ဂေါပကအဖွဲ့ဝင်ဦးဆွေသန်းက ပြောသည်။

မန္တလေးတောင်တော်တွင် ကင်မရာတစ်လုံးလျှင် ကျပ် ၁,၀၀၀ နှုန်းကောက်ခံပြီး ယခု၂၀၁၆ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မန္တလေးတောင်တော်ဝင် ကြေးဟုဆိုကာ နိုင်ငံခြားသားတစ် ဦးလျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ဂေါ ပကအဖွဲ့ထံမှ သိရသည်။

နိုင်ငံခြားသားများ မန္တလေး တောင်တော်ပေါ်သို့ လည်ပတ်ခ ကျပ် ၁,၀၀၀ ကောက်ခံရာတွင် ပေးသည့်     ဖြတ်ပိုင်းစာရွက် တွင်မူ အလှူခံဖြတ်ပိုင်းဟု ရေး ထားကြောင်း၊ ဖိအားပေးအလှူ ခံသည့်သဘော သက်ရောက်နေ သည့်အတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနသို့စာပို့ထားကြောင်း မန္တလေး မြို့မှ ဝါရင့်ဧည့်လမ်းညွှန် ကိုဝင်း ဇော်ဦးက ပြောကြားသည်။

‘‘ဧည့်လမ်းညွှန်အသင်းနဲ့ ဧည့်လမ်းညွှန်များကတော့ မဖြစ် သင့်တဲ့အလုပ်လို့ ယူဆတယ်။ ဒါ ပိုက်ဆံကောက်လို့ မဟုတ်ဘူး နော်။ မန္တလေးဧည့်ဝင်ကြေးကို လက်ရှိက ဝင်ကြေးတစ်သောင်း ကောက်နေတယ်။ နှစ်သောင်း ပြောင်းကောက်လည်း ကျွန်တော် တို့ ဘာမှပြောစရာမရှိဘူး။ ရှေး ဟောင်းဒေသထိန်းသိမ်းရေးအ တွက် ဝင်ကြေးကောက်ခံတယ်ဆို တာက ဘောင်ဝင်တယ်။ ဘုရား တွေကနေ မလုပ်ရဘူး။ ဥပဒေက နေလည်း ခွင့်ပြုမထားဘူး’’ဟု ကို ဝင်းဇော်ဦးက ပြောသည်။

နိုင်ငံခြားဧည့်သည်တစ်ဦး လျှင် မန္တလေးမြို့ အမရပူရ၊ အင်းဝ၊ ပလိပ်နေရာများသို့ သွား ရောက်လည်ပတ်နိုင်ရန် ဇုန်ဝင် ကြေးအဖြစ် ကျပ်တစ်သောင်း ကောက်ခံလျက်ရှိပြီး ငါးရက်ကြာ လည်ပတ်ခွင့်ရှိကြောင်း သိရသည်။

==========================
251/End